အာဆီယံအပေါင်းသုံး အရေးပေါ်ဆန်ရိက္ခာ(APTERR) အစီအစဉ်-၃ (၂၀၂၅)အရ တရုတ်ပြည်သူ့သမ္မတ နိုင်ငံမှ လှူဒါန်းသော ဆန် ၁၆၃ ဒသမ ၈၇၇ တန်အား စိုက်ပျိုးရေးဦးစီးဌာနမှတစ်ဆင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ထံသို့ လွှဲပြောင်းပေးအပ်

 

 

မန္တလေး အောက်တိုဘာ ၂

အာဆီယံအပေါင်းသုံး အရေးပေါ်ဆန်ရိက္ခာ(APTERR) အစီအစဉ်-၃ (၂၀၂၅)အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့် ပြည်သူများထံ ထောက်ပံ့ရန် လှူဒါန်းသော ဆန် ၁၆၃ ဒသမ ၈၇၇ တန်ကို မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှတစ်ဆင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ လွှဲပြောင်းပေးအပ်ရာတွင် APTERR အတွင်းရေးမှူးချုပ်ရုံးမှ အထွေထွေမန်နေဂျာ Dr.Choomjet Karnjanakesorn နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုး ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးဇော်တို့က လှူဒါန်းမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းသော ဆန် ၁၆၃ ဒသမ ၈၇၇ တန်ကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်ထံသို့ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ချုပ်ကလည်းကောင်း၊ APTERR အတွင်းရေးမှူးချုပ်ရုံးမှ အထွေထွေမန်နေဂျာက ရေဘေးသင့်ပြည်သူ တစ်ဦးထံသို့ လည်းကောင်း လွှဲပြောင်းပေးအပ်သည်။

 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က APTERR အတွင်းရေးမှူးချုပ်ရုံးမှ အထွေထွေမန်နေဂျာထံသို့ ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာကို ပေးအပ်ပြီးနောက် ရေဘေးသင့်ပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်းနှင့် အဆိုပါလှူဒါန်းသော ဆန်အိတ် ၁၆၃ ဒသမ ၈၇၇ တန် 50 Kg အိတ်အရေအတွက် ၃၂၇၇အိတ်ကို ခရိုင်/မြို့နယ်များမှတစ်ဆင့် စနစ်တကျခွဲဝေ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်