AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့၏ အမာခံများ ဖမ်းဆီးရမိ

နေပြည်တော် ၁၅ ဇူလိုင်

 

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်ရှိ မင်းကျောင်းတံတားအနီး၌ လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ဇွန် ၂၃ ရက် ည ၈ နာရီခွဲခန့်တွင် မင်းကျောင်းတံတားဘက်မှ အလယ်ချောင်း ကျေးရွာဘက်သို့ မောင်းနှင်လာသော ဆိုင်ကယ် ၁ စီးနှင့်လူ ၂ ဦးအား မသင်္ကာသဖြင့် ရပ်တန့်စစ်ဆေးရာ ၎င်းတို့ ၂ ဦးမှာ AA အကြမ်းဖက်သောင်းကျန်းသူများ ဖြစ်နေပြီး သတင်းဆက်အရ ဇူလိုင် ၁၂ ရက် နေ့လယ်ပိုင်းတွင် အလယ်ကျောင်းကျေးရွာသို့ သွားရောက်၍ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များနှင့်အတူ ရှာဖွေစစ်ဆေးဖော်ထုတ်ခဲ့ရာ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့၏ အမာခံ ၆ ဦးအား ထပ်မံဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

သတင်းစဉ်