(၇၂)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ ကျင်းပမည်

နေပြည်တော် ၆ နိုဝင်ဘာ

(၇၂) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးကို ၁၃၈၁ ခုနှစ်၊ ပြာသိုလဆန်း ၃ ရက်မှ တပို့တွဲလဆန်း ၅ ရက်အထိ (ဒီဇင်ဘာ ၂၈ ရက်မှ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီ ၂၉ ရက်အထိ) ၃၃ ရက်တိုင်တိုင် ရန်ကုန်မြို့ရှိ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ ဆဋ္ဌသင်္ဂါယနာ မဟာပါသာဏလိုဏ်ဂူ သိမ်တော်ကြီး၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါစာမေးပွဲကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပခြင်းဖြစ်ပြီး စာမေးပွဲဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၈ ရက်  နံနက် ၈ နာရီခွဲတွင် ဝိဇယမင်္ဂလာဓမ္မသဘင်၌ ကျင်းပမည်ဖြစ်ပြီး နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ ဆရာတော်ကြီးများ၊ တိပိဋ္ဌကဓရ တိပိဋ္ဌကကောဝိဒ ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ ပုစ္ဆကဆရာတော်များ၊ စာထောက်စာမ ဆရာတော်များ၊ စာပြန် စာဖြေသံဃာတော်များ ကြွရောက်တော်မူကြမည်ဖြစ်ကြောင်း သိရသည်။

လှူဒါန်းလိုသော အလှူရှင်များအနေဖြင့် လှူဖွယ်ပစ္စည်းများကို ဆဋ္ဌသင်္ဂါယနာ မဟာပါသာဏလိုဏ်ဂူ သိမ်တော်ကြီးတောင်ဘက်မုခ် အလှူဌာနနှင့် ညွှန်ကြားရေးမှူး (စာမေးပွဲဌာနခွဲ)၊ ဖုန်း ၀၉-၂၆၄၄၃၆၅၄၅ တို့တွင် လာရောက်လှူဒါန်းနိုင်ပါကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ သိရသည်။

ဂျိုင်းလော