ဘာစီလိုနာအသင်းနဲ့ လီဗာပူးအသင်းတို့ ဂိုးပြတ်နိုင်ပွဲကိုယ်စီရရှိ

နိုဝင်ဘာ ၂၅ ရက်ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေထဲမှာ  ဘာစီလိုနာအသင်းနဲ့ လီဗာပူးအသင်းတို့ဟာ ဂိုးပြတ်နိုင်ပွဲ ကိုယ်စီရရှိခဲ့ပါတယ်။  ဘာစီလိုနာအသင်းဟာ ဆာဘတ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရတာဖြစ်ပြီး ဘာစီလိုနာအသင်းက လေးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ အခုပွဲစဉ်မှာ အနိုင်ရရှိခဲ့တာကြောင့် ချန်ပီယံလိဂ်ပွဲစဉ်(၅)ယှဉ်ပြိုင်ကစားပြီးချိန်မှာ လေးပွဲအထိ အနိုင်ရရှိခဲ့ပြီး (၁၆)သင်းအဆင့် တက်လှမ်းဖို့ အခွင့်သာခဲ့တာဖြစ်ပါတယ်။

လီဗာပူးအသင်းကတော့ ချန်ပီယံလိဂ်ပွဲစဉ်(၅)မှာ ကလပ်ဘရုဂ်ျအသင်းကို သုံးဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ အခြားသော  ချန်ပီယံလိဂ်ပွဲစဉ်တွေ မှာတော့ အက်သလက်တီကို မက်ဒရစ်အသင်းက ဗီကင်းအသင်းကို နှစ်ဂိုး-ဂိုးမရှိ၊ အင်တာမီလန်အသင်းက စတုဂတ်အသင်းကို နှစ်ဂိုး-ဂိုးမရှိ၊ လိုင်လီအသင်းက ဘိုင်ယန်မြူးနစ်အသင်းကို နှစ်ဂိုး-တစ်ဂိုး၊ ဖီနာဘာချီအသင်းက ရှက်ခ်တာဒိုးနက်စ်ခ်အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် နိုင်ပွဲကိုယ်စီရရှိခဲ့တာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းနဲ့ မန်ယူအသင်းတို့ကတော့ သရေရလဒ်အသီးသီးထွက်ပေါ်ခဲ့တာဖြစ်ပြီး ပီအက်စ်ဂျီအသင်းက ရိုးမားအသင်းနဲ့ ပွဲစဉ်မှာ တစ်ဖက်နှစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့သလို မန်ယူအသင်းကလည်း စပို့တင်းအသင်းကို တစ်ဖက်နှစ်ဂိုးစီ သရေရလဒ်သာ ထွက်ပေါ်အောင် ကစားနိုင်ခဲ့တာဖြစ်ပါတယ်။      

ငွေကြယ်