ဗန်ကောက် နိုဝင်ဘာ ၂၆
ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ ရေနံချက်စက်ရုံတစ်ခုတွင် ယနေ့မွန်းလွဲပိုင်းက ပေါက်ကွဲမှုနှင့် မီးလောင်မှု ဖြစ်ပွားခဲ့ရာ ကိုးဦးဒဏ်ရာရရှိခဲ့သဖြင့် ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း အရေးပေါ်ကယ်ဆယ်ရေး တာဝန်ရှိသူများက ပြောကြားခဲ့သည်။
အဆိုပါဖြစ်စဉ်ကြောင့် ဒေသဆိုင်ရာ အာဏာပိုင်များက စက်ရုံအနီးပတ်ဝန်းကျင်ရှိ ဒေသခံများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကြရန် အရေးပေါ်တိုက်တွန်းနှိုးဆော်ခဲ့သည်။
မီးလောင်မှုကို မိနစ် ၃၀ ခန့်အကြာတွင် ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။
မျက်မြင်တွေ့ရှိသူတစ်ဦးကလည်း ကျယ်လောင်သော ပေါက်ကွဲသံကြီးကို ကြားလိုက်ရပြီး မြေကြီးပါ အနည်းငယ်တုန်ခါသွားသည်ကို ခံစားခဲ့ရကြောင်း ပြောကြားခဲ့သည်။
လက်ရှိတွင် အဆိုပါရေနံချက်စက်ရုံကို လည်ပတ်လုပ်ကိုင်နေသည့် ကုမ္ပဏီက စက်ရုံ၏ ထုတ်လုပ်ရေးလုပ်ငန်းစဉ်အားလုံးကို ယာယီရပ်ဆိုင်းထားပြီး မတော်တဆမှုဖြစ်ပွားရသည့်အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေကြောင်း ပြောကြားခဲ့သည်။
အင်န်အိတ်ချ်ကေ


