တရုတ်ရှန်ကျိုး (၂၄)အာကာသယာဉ် ထျန်းကုန်းအာကာသစခန်းနှင့် အောင်မြင်စွာချိတ်ဆက်

ပေကျင်း နိုဝင်ဘာ ၂၅

တရုတ်နိုင်ငံ၏  လူလိုက်ပါသည့် ရှန်ကျိုး(၂၄) အာကာသယာဉ်သည် နိုဝင်ဘာ ၂၅ ရက် ပေကျင်းစံတော်ချိန်နံနက် ၁၁ နာရီ ၅၆ မိနစ်တွင် ထျန်းကုန်းအာကာသစခန်းနှင့်   အောင်မြင်စွာချိတ်ဆက်ခဲ့ကြောင်း တရုတ်နိုင်ငံ   အာကာသအေဂျင်စီက သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါအာကာသယာဉ်သည်  ထျန်းကုန်းအာကာသစခန်း၏ ပင်မအခန်းဖြစ်သည့် ထျန်းဟယ်၏ အရှေ့ဘက် ချိတ်ဆက်ပေါက်နှင့် အလိုအလျောက်ချဉ်းကပ်ချိတ်ဆက်မှုအား ဆောင်ရွက်ခဲ့ပြီး ချိတ်ဆက်မှုလုပ်ငန်းစဉ်တစ်ခုလုံး သည် အချိန် ၃ နာရီခွဲခန့်ကြာမြင့်ခဲ့ကြောင်း အဆိုပါအေဂျင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။ အာကာသယာဉ်ပေါ်တွင် လိုက်ပါလာသည့် တရုတ်အာကာသယာဉ်မှူး ထန်ဟုန်ပေါ၊ ဝူယိနှင့် ထျန်းကုန်းအာကာသစခန်းသို့ ပထမဆုံး အကြိမ်လာရောက်သည့် ပါကစ္စတန်အာကာသယာဉ်မှူး မိုဟာမက်ဇီရှန်အလီတို့သည် ထျန်းဟယ်ပင်မအခန်းအတွင်းသို့   ဝင်ရောက်မည်ဖြစ်သည်။

 အဆိုပါအာကာသစခန်းရှိ ရှန်ကျိုး(၂၃) အာကာသယာဉ်မှူးများကလည်း အသစ်ရောက်ရှိလာသူများကို ကြိုဆိုရန် အသင့်ပြင်ဆင်ထားခဲ့ကြောင်း သိရသည်။                                         

ဆင်ဟွာ