အေတီပီကမ္ဘာ့အဆင့် (၁) နေရာ၌ ဇဗဲရက်ဗ် ဆက်လက်ရပ်တည်

၂၀၂၆  ရာသီပိတ် တင်းနစ်ပြိုင်ပွဲ Nitto ATP Finals ယှဉ်ပြိုင်ကစားပြီးချိန်တွင် အေတီပီကမ္ဘာ့အဆင့် ရပ်တည်မှု၌ ဂျာမနီထိပ်တန်း တင်းနစ်အကျော်အမော် အလက်ဇန္ဒြားဇဗဲရက်ဗ်က ရမှတ်  ၁၀၃၅၀ ဖြင့်   အဆင့်(၁)တွင် ဆက်လက်ရပ်တည်နိုင်ခဲ့သည်။

ATP Finals ပြိုင်ပွဲတွင် အနိုင်ရဗိုလ်စွဲခဲ့သော စပိန်ထိပ်တန်း တင်းနစ်ကစားသမား ကားလို့စ် အယ်ကာရက်ဇ်သည် ရမှတ် ၇၆၀၀ ဖြင့်  အဆင့် (၃) တွင်သာ ရပ်တည်နိုင်ခဲ့သည်။  ဇဗဲရက်ဗ်သည် ATP Finals ပြိုင်ပွဲတွင် နောက်ဆုံးဗိုလ်လုပွဲအထိ တက်လှမ်းနိုင်ခဲ့သော်လည်း အယ်ကာရက်ဇ်ကို ၂-၆၊ ၆-၇ (၇-၉) ရလဒ်ဖြင့် ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။

မိုးဇက်