နိုဝင်ဘာ ၁၇
ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝန်းတွင် ယခုနှစ် ၁၁ လအတွင်း ခြင်မှတစ်ဆင့်ကူးစက်သော သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကြောင့် သေဆုံးသူ ၅၀၀ ကျော် ရှိလာသည်ဟု သိရသည်။
ကျန်းမာရေးဝန်ဆောင်မှုညွှန်ကြားရေးမှူးချုပ်ရုံးမှ နောက်ဆုံးထုတ်ပြန်ချက်များအရ နိုဝင်ဘာ ၁၆ ရက်နေ့အထိ သွေးလွန်တုပ်ကွေးဖြစ်ပွားမှုသည် စိုးရိမ်ဖွယ်အဆင့်သို့ ရောက်ရှိခဲ့ပြီး ကူးစက်ခံရသူ ၁၆၄၁၀၇ ဦးနှင့် သေဆုံးသူ ၅၀၂ ဦး ရှိသည်ဟု သိရသည်။
နိုဝင်ဘာ ၁၆ ရက်နေ့ ဒေသစံတော်ချိန် နံနက် ၈ နာရီအထိ ၂၄ နာရီအတွင်း သေဆုံးသူ သုံးဦးနှင့် သွေးလွန်တုပ်ကွေးကူးစက်မှု ၁၅၉၈ ဦး ထပ်မံဖြစ်ပွားကြောင်း ဖော်ပြထားသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် မုတ်သုံရာသီရောဂါတစ်ခုဖြစ်သည့် သွေးလွန်တုပ်ကွေးရောဂါသည် ယခုအခါ ပုံမှန်ဇွန်လမှ စက်တင်ဘာလအထိ ကာလကိုကျော်လွန်ကာ ကူးစက်ဖြစ်ပွားမှုပျံ့နှံ့လျက်ရှိသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


