မော်လိုက် နိုဝင်ဘာ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့၌ ၂၀၂၆ ခုနှစ် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးဆိုင်ရာ ၁၆ ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း စုံညီခန်းမ၌ ကျင်းပသည်။
ဦးစွာ ခရိုင်အမျိုးသမီးရေးရာ အဖွဲ့ဝင်က အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးအတွက် အမျိုးသမီးအခွင့်အရေးဆိုင်ရာနှင့် အမျိုးသမီးရေးရာဝန်ကြီးဌာန ဝန်ဆောင်မှုများ၊ ခရိုင်ဥပဒေအရာရှိက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့်ပတ်သက်၍ ပြဋ္ဌာန်းထားသည့် ဥပဒေပုဒ်မများနှင့် ယာယီရဲမှူးက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များ အကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့ကြကြောင်း သိရသည်။
ကိုထက်(ပြန်/ဆက်)


