တောင်ကြီးမြို့၌ အခြေခံပညာအလယ်တန်းဆင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး ဘာသာရပ်ဆိုင်ရာ ပြည်နယ်အဆင့် ဆွေးနွေးပွဲ ကျင်းပ

တောင်ကြီး နိုဝင်ဘာ ၂၆

 

၂၀၂၆ ခုနှစ် အခြေခံပညာ အလယ်တန်းဆင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး ဘာသာရပ်ဆိုင်ရာ ပြည်နယ်အဆင့် ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့ အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်း စိန်မြင်းမိုရ် ခန်းမ၌ ကျင်းပသည်။

 

ဆွေးနွေးပွဲတွင် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက အခြေခံပညာ အလယ်တန်းပြ ဆရာ ဆရာမများအတွက် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး ဘာသာရပ် ဆိုင်ရာ ဆွေးနွေးပွဲသည် ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသည့် လုပ်ငန်းစဉ်တစ်ခု ဖြစ်ကြောင်း၊ ခေတ်မီတိုးတက် ပြောင်းလဲနေသော ပညာခေတ်တွင် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရေးအတွက် ဆရာ ဆရာမများ သည် ခေတ်မီအတတ်ပညာများ၊ နည်းပညာများကို အစဉ်လေ့လာ သင်ယူနေကြရန် လိုအပ်သည် ဖြစ်ရာ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး ဘာသာရပ်ကို အထူးလေ့လာ ကြိုးစားသွားရန် လိုအပ်ကြောင်း ပြောကြားသည်။

 

 ရှင်းလင်းဆွေးနွေး

 

ဆက်လက်၍ ပြည်နယ်ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူးက အခြေခံပညာ အလယ်တန်းဆင့် Grade-7၊ Grade-8၊ Grade-9 စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲနှင့် စပ်လျဉ်းသည့် အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

 

 မောင်မောင်သန်း(တောင်ကြီး)