ရန်ကုန် နိုဝင်ဘာ ၂၅
ရုရှားရေတပ် Pacific Fleet မှ ဖရီဂိတ် စစ်ရေယာဉ် Marshal Shaposhnikov၊ ကော်ဗက် စစ်ရေယာဉ် Admiral Tributs နှင့် ထောက်ပံ့ရေး ရေယာဉ် Pechenga တို့သည် မြန်မာနိုင်ငံသို့ စတုတ္ထအကြိမ် မြန်မာ-ရုရှား ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းဆောင်ရွက်ရန်နှင့် ချစ်ကြည်ရေးခရီး လည်ပတ်ရန် ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိလာရာ တပ်မတော် (ရေ)မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် ရုရှားရေတပ်မှ ဒုတိယရေတပ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး Aleksei Anatolievich Kiiashko၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားစစ်သံမှူးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
အဆိုပါရုရှားရေတပ် Pacific Fleet မှ စစ်ရေယာဉ် များတွင် အဖွဲ့ခေါင်းဆောင်အဖြစ် လိုက်ပါလာသော စစ်ရေယာဉ်စုမှူး ဗိုလ်ချုပ် Evgenii Nikolaevich Nia- soedov နှင့် အရာရှိ၊ စစ်သည်များသည် ခရီးစဉ်အတွင်း ရန်ကုန်မြို့ရှိ အထင်ကရနေရာများသို့ သွားရောက် လေ့လာလည်ပတ်ခြင်း၊ နှစ်နိုင်ငံ ချစ်ကြည်ရေး အားကစားပြိုင်ပွဲများ ပြုလုပ်ခြင်းနှင့် ဆိပ်ကမ်းအခြေပြု လေ့ကျင့်ခန်း (Harbour Phase) များ ပြုလုပ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


