မော်လိုက် နိုဝင်ဘာ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့၌ တန်ဆောင်တိုင်ပွဲတော် ပျော်ပွဲရွှင်ပွဲနှင့် မီးပုံးပျံလွှတ်တင်ပွဲဖွင့်ပွဲကို နိုဝင်ဘာ ၂၄ ရက် ညနေပိုင်းက ပြည်သူ့အားကစားကွင်း၌ ကျင်းပသည်။
ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမင်းဇော်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ကြသည်။ ထို့နောက် ဌာနပေါင်းစုံမှဝန်ထမ်းများ၊ ဒေသခံပြည်သူများက မီးပုံးပျံများကို စုပေါင်းလွှတ်တင်ခဲ့ကြပြီး ဖျော်ဖြေရေးတီးဝိုင်းဖြင့် သီဆိုဖျော်ဖြေမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။
မော်လိုက်မြို့ တန်ဆောင်တိုင်ပွဲတော်ပျော်ပွဲရွှင်ပွဲနှင့် မီးပုံးပျံ လွှတ်တင်ပွဲအခမ်းအနားတွင် ဖျော်ဖြေရေးတီးဝိုင်းဖြင့် သီဆိုဖျော်ဖြေမှုများ၊ ပျော်ပွဲရွှင်ပွဲများ၊ ဈေးတန်းများ၊ အလှမီးပုံးများ၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများက မီးပုံးပျံများ စုပေါင်းလွှတ်တင်ခဲ့ကြပြီး စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
ကိုထက်(ပြန်/ဆက်)


