ရန်ကုန် နိုဝင်ဘာ ၂၅
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် (၂၂)ရပ်ကွက် သာသနဝေပုလ္လဓမ္မာရုံ၌ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဌာနဆိုင်ရာများနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက “ဒေသဖွံ့ဖြိုးရေးအသိပညာပေး” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ဆွေးနွေးပွဲ ကျင်းပသည်။
ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲတွင် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးစိုးယု၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ခေတ္တစခန်းမှူး၊ ဒုတိယမြို့နယ်ဥပဒေအရာရှိ၊ အမှတ်(၂၉) ယာဉ်ထိန်းတပ်ဖွဲ့မှူး၊ မြို့နယ် မီးသတ်ဦးစီးမှူးနှင့် မြို့နယ်ကုသရေးဦးစီးဌာနမှူးတို့က “ဒေသဖွံ့ဖြိုးရေး အသိပညာပေး” ခေါင်းစဉ်ဖြင့် တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေး၊ အယ်လ်နီညိုရာသီဥတုဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်များ၊ ပညာရေး၊ ကျန်းမာရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကဏ္ဍအလိုက် ဦးဆောင်ဆွေးနွေးကြပြီး တက်ရောက်လာသည့် ဒေသခံပြည်သူများက သိရှိလိုသည်များ မေးမြန်း ဆွေးနွေးကြရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်းဖြေကြား ပေးကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


