သီပေါကိုလတ်ရေးသားသည့် ချစ်သောမိုင်းမောဝ်ဧကရီနှင့် စောမင်းလတ် စာအုပ်ထွက်ရှိလာသည်။
စာအုပ်တွင် မိုင်းမောဝ်(မိုင်းမ၊ဝ်း)၊ အနော်ရထာဘုရင်နှင့် စောမွန်လှတို့၏ ရှေးရေစက်၊ သမိုင်းဝင်ရွှေစာရံစေတီတော်၊ ရွှေစာရံကျောက်စာ၊ ဘော်ကြိုမုဋ္ဌောစေတီတော်၊ အစ်မတော်စောမွန်လှစေတီ၊ လေးစားမြတ်နိုးဖွယ် ရှမ်းအိုးစည်သံများ၊ ရန်ကုန်ကျောင်းတိုက်နှင့် နတ်ကျုံးတောရ၊ မျှဝေလိုသောပီတိရသများ စသည်တို့ကို ဓာတ်ပုံအထောက်အထားများဖြင့် ဖော်ပြထားသည်။
ရှမ်းပြည်နယ်သား စာရေးဆရာသီပေါကိုလတ်သည် ရှမ်းပြည်နယ်ကိုအခြေခံ၍ ဘာသာ၊ သာသနာနှင့် ယဉ်ကျေးမှုများ၊ တိုင်းရင်းသားတို့၏ ယဉ်ကျေးမှုဓလေ့ထုံးစံများကို ရေးသားပြုစုသူတစ်ဦးဖြစ်သည်။ ထို့အပြင် ရှမ်းပြည်နယ်တစ်ဝန်းမှ ထင်ရှားကျော်ကြားသော သမိုင်းဝင်ဘုရားစေတီတော်များ၏ သမိုင်းစဉ်များနှင့် ဆရာတော်ကြီးများ၏ ထေရုပ္ပတ္တိတို့ကိုလည်း ပူဇော်ရေးသားသူဖြစ်သည်။
စာအုပ်ကို ရှင်မတောင်စာပေ၊ ၀၉၇၉၈၁၈၉၁၄၈၊ ၀၉၇၆၀၄၆၈၁၃၈ (viber)၊ အမှတ် ၂၁၉၊ လမ်း ၄၀ (လယ်)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့မှ တန်ဖိုးငွေကျပ် ၁၀၀၀၀ ဖြင့် ဖြန့်ချိသည်။
ကြေးမုံ


