မွန်တိုင်းရင်းသားများ ​ရွှေတိဂုံ​စေတီ​တော်မြတ်ကြီးအား ဆီမီးထွန်းညှိပူ​ဇော်

ရန်ကုန် နိုဝင်ဘာ ၂၄ 

 

မွန်တိုင်းရင်းသားများသည် ဆယ့်နှစ်လရာသီပွဲ​တော်များအနက် တန်ဆောင်မုန်းလပြည့်နေ့တွင် ဆီမီးထွန်းညှိကြသည့်ဓ​လေ့ကို ယ​နေ့တိုင်ကျင်းပလျက်ရှိရာ တန်​ဆောင်မုန်းလပြည့်​နေ့ ည​နေပိုင်းက ရန်ကုန်တိုင်း​ဒေသကြီးအစိုးရအဖွဲ့၏ပံ့ပိုးမှုဖြင့် တိုင်းရင်းသားစာ​ပေနှင့် ယဉ်​ကျေးမှုဦးစီးဌာနနှင့် မွန်စာပေယဉ်ကျေးမှု​ကော်မတီ(ရန်ကုန်)တို့ ပူး​ပေါင်း၍ ​ရွှေတိဂုံစေတီ​​တော်၌ မွန်လူငယ်​မောင်မယ်များက ​စေတီ​​တော်မြတ်ကြီးအား ဆီမီးထွန်းညှိပူ​ဇော်ကြသည်။

 

လှည့်လည်ပူ​ဇော်

အခမ်းအနားတွင် ရန်ကုန်တိုင်း​ဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ မွန်ရပ်မိရပ်ဖ၊ လူငယ်​မောင်မယ် ၂၅၀ ခန့်သည် ရွှေတိဂုံစေတီ​​တော်မြတ်ကြီးအား လက်ယာရစ်တစ်ပတ် လှည့်လည်ပူ​ဇော်ကြပြီး အ​ရှေ့မြောက်​ထောင့်၌ ဆီမီးထွန်းညှိပူဇော်ကြကြောင်း သိရသည်။ 

မျိုးမင်းသူရ