မိတ္ထီလာမြို့၌ အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲကျင်းပ

မိတ္ထီလာ နိုဝင်ဘာ ၁၆

 

မိတ္ထီလာမြို့၌ အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲ မြို့နယ်အဆင့်ပြိုင်ပွဲကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ မြို့နယ်အတွင်းရှိ အခြေခံပညာအဆင့်ကျောင်းများမှ ပြိုင်ပွဲဝင်ကျောင်းသူကျောင်းသား ၁၃၃ ဦး ဝင်ရောက်ယှဉ်ပြိုင်သည်။

 

အဆိုပါ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲတွင် လူသားနှင့်အနာဂတ် အာကာသခေါင်းစဉ်ဖြင့် ပြိုင်ပွဲဝင် ကျောင်းသူကျောင်းသားများ၏ ပါဝင်ရေးဆွဲယှဉ်ပြိုင်မှုကို ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်မြင့်ဦးနှင့်ကော်မတီဝင်များ၊ ခရိုင်ပညာရေးမှူး ဒေါ်မော်မော်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးသည်။ အဆိုပါပြိုင်ပွဲ၌ နိုဝင်ဘာ ၁ဝ ရက်‌တွင် မူလတန်းအဆင့်ပြိုင်ပွဲဝင် ၇၈ ဦး၊ နိုဝင်ဘာ ၁၁ ရက်တွင် အလယ်တန်းအဆင့်ပြိုင်ပွဲဝင် ၁၃၃ ဦးပါဝင်ယှဉ်ပြိုင်ပြီး နိုဝင်ဘာ ၁၂ ရက်တွင် အထက်တန်းအဆင့်ပြိုင်ပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။

ချမ်းသာ(မိတ္ထီလာ)