ပင်လောင်း နိုဝင်ဘာ ၁၀
ရှမ်းပြည်နယ် (တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၌ အယ်လ်နီညို ရာသီဥတုဖြစ်စဉ်နှင့် ပတ်သက်၍ စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ထီဗီကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပသည်။
သိရှိလိုသည်များ မေးမြန်းဆွေးနွေး
ဆွေးနွေးပွဲတွင် ပြည်နယ်သီးနှံ တာဝန်ခံက အယ်လ်နီညိုရာသီဥတုဖြစ်စဉ်နှင့် ပတ်သက်၍ စိုက်ပျိုးရေးဆိုင်ရာ ကြိုတင်ပြင်ဆင် စုဆောင်းထားရမည့်အချက်များ၊ ဒေသစိုက်ပျိုးရေးဦးစီးမှူးက အယ်လ်နီညိုရာသီဥတု ဖြစ်စဉ်အပေါ် ကာကွယ်ရမည့် နည်းလမ်းများနှင့် မြို့နယ် စိုက်ပျိုးရေးဦးစီးမှူးက သီးနှံဖျက်ပိုးနှင့် ရောဂါကာကွယ်နှိမ်နင်းရမည့် နည်းလမ်းများကို ဆွေးနွေးကြပြီး တက်ရောက်လာကြသည့် တောင်သူများက သိရှိလိုသည်များကို မေးမြန်းကြရာ ပြည်နယ်သီးနှံတာဝန်ခံနှင့် တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


