သာယာဝတီခရိုင်တွင် တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးသင်တန်း ဖွင့်လှစ်

သာယာဝတီ နိုဝင်ဘာ ၁၀

 

ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့နယ်တွင် တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးသင်တန်း အမှတ်စဉ် (၃/၂၀၂၆-၂၀၂၇) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အင်းရွာတောင်သူ ပညာပေးသင်တန်းကျောင်း၌ ကျင်းပရာ သာယာဝတီခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးတင်ကျော်ဝင်းက သင်တန်းဖွင့်အမှာစကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဒေါ်ညိုညိုသိမ်းက အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် (မျိုး၊ မြေ၊ ရေ၊ နည်း) အလိုက် ဆောင်ရွက်ရန် လိုအပ်သောနည်းပညာများကို စနစ်တကျလိုက်နာဆောင်ရွက်ရေးနှင့် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ သင်တန်းကို နိုဝင်ဘာ ၁၀ ရက်မှ ၁၂ ရက်အထိ စာတွေ့၊ လက်တွေ့ သုံးရက်ကြာ သင်ကြားပို့ချမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)