မော်လမြိုင် အောက်တိုဘာ ၄
မွန်ပြည်နယ်အတွင်း သံဃာတော်များ သာသနာ့ဝန်ထမ်းဆောင်ရာတွင် ဆွမ်းကိစ္စပင်ပန်းဆင်းရဲမှု မရှိစေရေးနှင့် ဆွမ်းဝေယျာဝစ္စများ ပြည့်စုံစေရေးတို့အတွက် (၄၇)ကြိမ်မြောက် မြို့လုံးကျွတ်ဆိုင်ရာ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မုဒုံမြို့ မြို့မ(၄)ရပ်ကွက် ဆွမ်းဆန် စိမ်း လောင်းလှူရေးမဏ္ဍပ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြီး ပင့်သံဃာတော်များက ဆံတော်ရှင် ကန်ကြီး စေတီတော်မြတ်ကြီးမှ စတင်ကြွချီကြရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် စေတနာရှင် အလှူရှင်များက သံဃာတော် များအား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူကြသည်။
ဆွမ်းဆန်စိမ်း လောင်းလှူပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများအတွက် လှူဖွယ်ပစ္စည်းများ လောင်းလှူပြီး ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စေတနာရှင် အလှူရှင်များနှင့် ဒေသခံပြည်သူများက အစဉ် လိုက် ဆွမ်းဆန်စိမ်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူ ငွေများကို သဒ္ဓါတရားထက်သန်စွာ လောင်းလှူပူဇော်နေမှုကို ကြည့်ရှုအားပေး၍ လိုအပ်သည့် ဝေယျာဝစ္စ ကိစ္စရပ်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
အဆိုပါ မုဒုံမြို့နယ်လုံးဆိုင်ရာ ဆွမ်းဆန်စိမ်း လောင်းလှူပွဲတွင် ဘုန်းတော်ကြီးကျောင်း ၇၆ ကျောင်း၊ သီလရှင်ကျောင်း ၂၀ တို့မှ ဆရာတော်ကြီးများ၊ ရဟန်း၊ သာမဏေ၊ သာသနာ့နွယ်ဝင် သီလရှင်စုစုပေါင်း ၄၇၉၇ ပါးတို့အား ဆွမ်းဆန်စိမ်းများ လောင်းလှူခဲ့ကြကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)


