ရန်ကုန် ဩဂုတ် ၅
(၃၉)ကြိမ်မြောက် ထိုင်းဘုရင့်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲကို ထိုင်းနိုင်ငံ၌ ကျင်းပလျက်ရှိပြီး မြန်မာပိုက်ကျော်ခြင်းအသင်းသည် ကွင်းသွင်းခြင်းခတ်ပွဲစဉ်၌ ငွေတံဆိပ်နှစ်ခု ဆွတ်ခူးရရှိခဲ့သည်။
မြန်မာပိုက်ကျော်ခြင်းအသင်းသည် ကွင်းသွင်းခြင်းခတ် အမျိုးသား၊ အမျိုးသမီးပွဲစဉ်နှစ်ခုစလုံးတွင် ငွေတံဆိပ်ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ အမျိုးသားကွင်းသွင်းခြင်းခတ်ပြိုင်ပွဲတွင် မြန်မာအသင်းက အမှတ် ၅၁၀ ဖြင့် ငွေတံဆိပ်ရရှိပြီး ထိုင်းအသင်းက အမှတ် ၇၁၀ ဖြင့် ရွှေတံဆိပ်ရရှိသည်။ အမျိုးသမီးကွင်းသွင်းခြင်းခတ်ပြိုင်ပွဲတွင် ထိုင်းအသင်းက အမှတ် ၆၅၀ ဖြင့် ရွှေတံဆိပ်၊ မြန်မာအသင်းက အမှတ် ၄၇၀ ဖြင့် ငွေတံဆိပ်၊ တရုတ်အသင်းက အမှတ် ၃၇၀ ဖြင့် ကြေးတံဆိပ်ရရှိသည်။
ပြိုင်ပွဲကို သြဂုတ် ၃ ရက်မှ ၁၁ ရက်အထိ ကျင်းပလျက်ရှိပြီး မြန်မာပိုက်ကျော်ခြင်းအသင်းသည် အခြားပွဲစဉ်များ ယှဉ်ပြိုင်လျက်ရှိသည်။
သတင်း-ရှိုင်းထက်ဇော်
ဓာတ်ပုံ-MSTAF


