2027 AFC U 20 Asian Cup အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု(K) ခြေစစ်ပွဲစဉ်အား MRTV မှ တိုက်ရိုက်ထုတ်လွှင့်မည်

နေပြည်တော်     စက်တင်ဘာ     ၃

2027 AFC U 20 Asian Cup အမျိုးသားဘောလုံးပြိုင်ပွဲ၊ ခြေစစ်ပွဲစဉ်များ၏ အုပ်စု(K)ပွဲစဉ်များအား ဩဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၆ ရက်အထိ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိပြီး ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းတွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ရာ စက်တင်ဘာ ၆ ရက် ညနေ ၄ နာရီတွင် မြန်မာအမျိုးသားအသင်းနှင့် မော်လ်ဒိုက်အမျိုးသားအသင်းတို့ ယှဉ်ပြိုင်ကစားကြပုံများကို ယင်းနေ့ မွန်းလွဲ ၃ နာရီ ၄၅ မိနစ်မှစတင်ပြီး MRTV HD Channel ၊ MRTV Sports Channel နှင့် MRTV Entertainment Channel တို့မှ တိုက်ရိုက်(Live) ထုတ်လွှင့်ပြသမည်ဖြစ်သည်။            

သတင်းစဉ်