၂၀၂၆ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား ဝါသနာရှင်အဆင့်ဂေါက်သီးရိုက်ပြိုင်ပွဲ ကျင်းပ

နေပြည်တော်     ဩဂုတ်     ၃

မျိုးဆက်သစ်ဂေါက်သီးအားကစားသမားများ၏ လက်ရည်အဆင့်အတန်း တိုးတက်လာစေရန်နှင့် နိုင်ငံတကာအဆင့်မီယှဉ်ပြိုင်နိုင်စေရန် ရည်ရွယ်ကျင်းပသည့် ၂၀၂၆ မြန်မာနိုင်ငံဂေါက်သီး အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌဖလား ဝါသနာရှင်အဆင့် ဂေါက်သီးရိုက်ပြိုင်ပွဲကို ရန်ကုန်ဂေါက်ကွင်း (တညင်းကုန်း)၌  သြဂုတ် ၃ ရက်မှ ၆  ရက်အထိ လေးရက်ကြာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်

မြန်မာနိုင်ငံ ဂေါက်သီးအားကစားအဖွဲ့ချုပ်က ကြီးမှူး၍ SAE PAING Development Ltd နှင့် Phyo Si Thu Teak Plantation (Myanmar) တို့က အဓိကကူညီပံ့ပိုးသော အဆိုပါပြိုင်ပွဲတွင် ဝါသနာရှင် အဆင့် (Amateur) ကစားသမား ၁၀၈ ဦး၊ သက်ကြီးတန်းဝါသနာရှင်အဆင့် (Senior Amateur) ကစားသမား အသက် ၅၅ နှစ်မှ ၆၀ အထိ ၁၉ ဦး၊ ၆၁ နှစ်မှ ၆၅ နှစ်အထိ ဦးရေ ၂၀၊ ၆၆ နှစ်မှ ၇၅ နှစ် အထိ ၁၂ ဦး  စုစုပေါင်း ကစားသမား ၁၅၉ ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

ဖွင့်ပွဲအခမ်းအနားကို မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် World Handicap ဆပ်ကော်မတီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် သက်ကြီးတန်း ဝါသနာရှင်အဆင့် ဆပ်ကော်မတီဥက္ကဋ္ဌတို့က အလှည့်ကျဂေါက်သီးရိုက်၍ ဖွင့်လှစ်ပေးခဲ့ပြီး ပထမနေ့ပွဲစဉ်အဖြစ် ၁၈ ကျင်း စတင် ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

သတင်း - ချစ်ကိုကို

ဓာတ်ပုံ - MGF