၂၀၂၆ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များ ဆက်လက်ကျင်းပ ကာကွယ်ရေးဝန်ကြီးဌာနအသင်းနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းတို့  ဗိုလ်လုပွဲ တက်ရောက်

နေပြည်တော်   ဩဂုတ်  ၁၂

အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် “၂၀၂၆ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲ” ကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်  ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ  ဖူဆယ်အားကစားရုံ၌  ဆက်လက်ကျင်းပပြီး   ဝန်ကြီးဌာနပေါင်းစုံ   ဖူဆယ်ဘောလုံးပြိုင်ပွဲ(အမျိုးသား)  ဆီမီးဖိုင်နယ်ပွဲစဉ်များအဖြစ်  ကာကွယ်ရေးဝန်ကြီးဌာနအသင်းနှင့် ပြည်ထဲရေးဝန်ကြီးဌာနအသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားကြရာ ကာကွယ်ရေးဝန်ကြီးဌာနအသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် လည်းကောင်း၊ ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာနအသင်းနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားကြရာ ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းက လေးဂိုး-နှစ်ဂိုးဖြင့်လည်းကောင်း   အနိုင်ရရှိပြီး ဗိုလ်လုပွဲသို့ တက်ရောက်သွားသည်။

ဩဂုတ် ၁၃ ရက်တွင် ပြိုင်ပွဲတစ်ရက်နားမည်ဖြစ်ပြီး  ဩဂုတ် ၁၄ ရက် မွန်းလွဲ ၁  နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဖူဆယ်အားကစားရုံ၌ ဝန်ကြီးဌာနပေါင်းစုံ ဖူဆယ်(အမျိုးသား)ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ကာကွယ်ရေးဝန်ကြီးဌာနအသင်းနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင် ကစားသွားမည်ဖြစ်ပြီး  အားကစားဝါသနာရှင် မိဘပြည်သူများအနေဖြင့်  မည်သူမဆို  “အခမဲ့” လာရောက်ကြည့်ရှုအားပေးနိုင်ပါကြောင်းနှင့် အဆိုပါဝန်ကြီးဌာနပေါင်းစုံ ဖူဆယ်(အမျိုးသား) ပြိုင်ပွဲ  ဗိုလ်လုပွဲ ပွဲစဉ်နှင့်  ဆုပေးပွဲအခမ်းအနားကို   မြန်မာ့အသံနှင့်  ရုပ်မြင်သံကြား ရုပ်သံလိုင်းများ ဖြစ်သည့် MRTV-4 HD ၊ MRTV Sports Channel နှင့် MRTV Entertainment တို့တွင် တိုက်ရိုက် (Live) ရိုက်ကူးထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။ 

သတင်းစဉ်