နေပြည်တော် အောက်တိုဘာ ၈
အားကစားရေးရာဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ မျိုးဆက်သစ်ပြေးခုန်ပစ်အားကစား သမားများပေါ်ထွက်လာစေရေးနှင့် ပြေးခုန်ပစ်အားကစားနည်း ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ရည်ရွယ်၍ အားကစားရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာန နှင့် မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်တို့ ပူးပေါင်း၍ “၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် U-18 ပြေးခုန်ပစ်ပြိုင်ပွဲ”ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းနှင့် လေ့ကျင့်ရေးကွင်း အမှတ်(၁)တို့တွင် ကျင်းပသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ် U-18 ပြေးခုန်ပစ်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသား/ အမျိုးသမီး (မီတာ ၂၀၀၊ မီတာ ၈၀၀၊ မီတာ ၅၀၀၀၊ ၄၀၀ x ၄ လက်ဆင့်ကမ်းပြိုင်ပွဲ၊ မီတာ ၁၁၀ တန်းကျော်ပြေး၊ မီတာ ၁၀၀ တန်းကျော်ပြေး၊ တုတ်ထောက် ခုန်၊ သံလုံးပစ်) ပြိုင်ပွဲများကို ယှဉ်ပြိုင်ခဲ့ကြသည်။
အမျိုးသားပြိုင်ပွဲ ပွဲစဉ်များဖြစ်သည့် မီတာ ၂၀၀ ပြိုင်ပွဲတွင် ရခိုင်ပြည်နယ်အသင်းမှ မင်းမြတ်နိုင်က စံချိန် 22.96 စက္ကန့် ဖြင့် ပထမ၊ ရန်ကုန်တိုင်းဒေသကြီးအသင်းမှ သက်ပိုင်ဦးက စံချိန် 23.41 စက္ကန့်ဖြင့် ဒုတိယ၊ ရှမ်းပြည်နယ်အသင်းမှ ကောင်းမြတ်နိုင်က စံချိန် 24.02 စက္ကန့်ဖြင့် တတိယတို့ကိုလည်းကောင်း၊ မီတာ ၈၀၀ ပြိုင်ပွဲတွင် ရှမ်းပြည်နယ် အသင်းမှ အောင်မင်းသန့်က စံချိန် 2:05.84 စက္ကန့်ဖြင့် ပထမ၊ ကရင်ပြည်နယ်အသင်းမှ သုခစံက စံချိန် 2:08.00 စက္ကန့်ဖြင့် ဒုတိယ၊ ရန်ကုန်တိုင်းဒေသကြီးအသင်းမှ ဟိန်းမင်းဝေက စံချိန် 2:08.08 စက္ကန့်ဖြင့် တတိယတို့ကို လည်းကောင်း၊ မီတာ ၅၀၀၀ ပြိုင်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှ ဝမ်ကြာလယ်က စံချိန် 17:32.77 စက္ကန့်ဖြင့် ပထမ၊ မန္တလေးတိုင်းဒေသကြီးအသင်းမှ ဝင်းထက်က စံချိန် 17:34.30 စက္ကန့်ဖြင့် ဒုတိယ၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှ ထူပီးက စံချိန် 17:40.66 စက္ကန့်ဖြင့် တတိယတို့ကိုလည်းကောင်း၊ မီတာ ၁၁၀ တန်းကျော် ပြေးပြိုင်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှ ကောင်းမြတ်ဇော်က စံချိန် 15.89 စက္ကန့်ဖြင့် ပထမ၊ မန္တလေးတိုင်းဒေသကြီး အသင်းမှ ကျော်ခန့်နိုင်က စံချိန် 16.56 စက္ကန့်ဖြင့် ဒုတိယ၊ ရှမ်းပြည်နယ်အသင်းမှ ဆန်ပြည့်ဦးက စံချိန် 17.23 စက္ကန့်ဖြင့် တတိယတို့ကိုလည်းကောင်း၊ တုတ်ထောက် ခုန်ပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးအသင်းမှ ထက်မြတ်အောင်က 3.20 မီတာဖြင့် ပထမ၊ မန္တလေး တိုင်းဒေသကြီးအသင်းမှ စိုးဟိန်းထက်က 3.10 မီတာဖြင့် ဒုတိယ၊ မန္တလေးတိုင်းဒေသကြီးအသင်းမှ ရင်ကိုက 2.90 မီတာဖြင့် တတိယတို့ကိုလည်းကောင်း၊ သံလုံးပစ်ပြိုင်ပွဲတွင် ရှမ်းပြည်နယ်အသင်းမှ ဟိန်းသူရမိုးက 14.54 မီတာဖြင့် ပထမ၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှ ချမ်းငြိမ်းအောင်က 13.14 မီတာဖြင့် ဒုတိယ၊ ပဲခူးတိုင်းဒေသကြီးအသင်းမှ စောတောဘလူမူးက 12.28 မီတာဖြင့် တတိယတို့ကိုလည်းကောင်း အသီးသီးရရှိခဲ့ပြီး မီတာ ၄၀၀ x ၄ လက်ဆင့်ကမ်း လူရွေးပွဲ ပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးအသင်းက 3:40.29 စက္ကန့်ဖြင့် ပထမ၊ ရခိုင်ပြည်နယ်အသင်းက 3:41.58 စက္ကန့်ဖြင့် ဒုတိယ၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက 3:42.97 စက္ကန့်ဖြင့် တတိယရရှိခဲ့ပြီး ဗိုလ်လုပွဲသို့ တက်ရောက် ခဲ့ကြသည်။
အလားတူ အမျိုးသမီးပြိုင်ပွဲ ပွဲစဉ်များဖြစ်သည့် မီတာ ၂၀၀ ပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီးအသင်းမှ နီနီထွန်းက စံချိန် 27.22 စက္ကန့်ဖြင့် ပထမ၊ ဧရာဝတီတိုင်းဒေသကြီးအသင်းမှ နှင်းဒါလီခိုင်က စံချိန် 28.01 စက္ကန့်ဖြင့် ဒုတိယ၊ မွန်ပြည်နယ်အသင်းမှ သံစဉ်မိုးမြင့်စံက စံချိန် 28.81 စက္ကန့်ဖြင့် တတိယတို့ကိုလည်းကောင်း၊ မီတာ ၈၀၀ ပြိုင်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှ ရှော်ရဲက စံချိန် 2:27.81 စက္ကန့်ဖြင့် ပထမ၊ ရန်ကုန်တိုင်းဒေသကြီးအသင်းမှ ယွန်းပွင့်ဖြူက စံချိန် 2:28.46 စက္ကန့်ဖြင့် ဒုတိယ၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှ ဒုံကမ်းက စံချိန် 2:29.80 စက္ကန့်ဖြင့် တတိယတို့ကို လည်းကောင်း၊ မီတာ ၁၀၀ တန်းကျော်ပြေးပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအသင်းမှ ချစ်စနိုးဇော်က စံချိန် 16.30 စက္ကန့်ဖြင့် ပထမ၊ ရှမ်းပြည်နယ်အသင်းမှ နန်းရွှေဌေးက စံချိန် 18.92 စက္ကန့်ဖြင့် ဒုတိယ၊ ဧရာဝတီတိုင်းဒေသကြီးအသင်းမှ ဇူးပပလင်းက စံချိန် 19.40 စက္ကန့်ဖြင့် တတိယတို့ကိုလည်းကောင်း၊ တုတ်ထောက်ခုန်ပြိုင်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှ မိုးသန္တာထွန်း က 1.90 မီတာဖြင့် ပထမ၊ မန္တလေးတိုင်းဒေသကြီးအသင်းမှ စိုးသဇင်က 1.90 မီတာဖြင့် ဒုတိယ၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှ ချောစုစုခိုင်က 1.90 မီတာဖြင့် တတိယတို့ကို လည်းကောင်း၊ သံလုံးပစ်ပြိုင်ပွဲတွင် ရှမ်းပြည်နယ်အသင်းမှ နန်းမွေလောဝ်က 10.56 မီတာဖြင့် ပထမ၊ ရှမ်းပြည်နယ်အသင်းမှ နန်းမို လိုမ်ခမ်းက 8.96 မီတာဖြင့် ဒုတိယ၊ မွန်ပြည်နယ်အသင်းမှ နှင်းသဇင်ဝေက 8.74 မီတာဖြင့် တတိယတို့ကို လည်းကောင်း အသီးသီးရရှိခဲ့ပြီး မီတာ ၄၀၀ x ၄ လက်ဆင့်ကမ်းလူရွေးပွဲပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအသင်းက 4:25.51 စက္ကန့်ဖြင့် ပထမ၊ ဧရာဝတီတိုင်းဒေသကြီးအသင်းက 4:28.37 စက္ကန့်ဖြင့် ဒုတိယ၊ ရှမ်းပြည်နယ်အသင်းက 4:43.05 စက္ကန့်ဖြင့် တတိယရရှိခဲ့ပြီး ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ကြသည်။
ယနေ့ယှဉ်ပြိုင်သည့် အမျိုးသားသံလုံးပစ်ပြိုင်ပွဲ ပွဲစဉ်တွင် ပြိုင်ပွဲဝင်နံပါတ် ၁၉၂ ရှမ်းပြည်နယ်အသင်းမှ ဟိန်းသူရမိုး၏ စံချိန် 14.54 မီတာသည် ၂၀၀၆ ခုနှစ် ကချင်ပြည်နယ်အသင်းမှ ဒီရဲဝူ၏ စံချိန် 14.43 မီတာထက်သာလွန်၍ မြန်မာပြည် စံချိန်သစ်တင်နိုင်ခဲ့သည်။
ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲ ဆက်လက်ကျင်းပရာ စက်တင်ဘာ ၆ ရက်မှ ၈ ရက်အထိ ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိခဲ့ကြသူများအား အားကစားနှင့် ကာယပညာဦးစီးဌာနက တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ပြေးခုန်ပစ်အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့်တိုင်းဒေသကြီးနှင့် ပြည်နယ်ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများက ဆုများပေးအပ်ချီးမြှင့်သည်။
၂၀၂၆ ခုနှစ် အောက်တိုဘာ ၉ ရက် နံနက် ၆ နာရီခွဲမှစတင်၍ “၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် U-18 ပြေးခုန်ပစ်ပြိုင်ပွဲ” ပွဲစဉ်များအဖြစ် အမျိုးသား/အမျိုးသမီး(မီတာ ၁၀၀၊ မီတာ ၁၅၀၀၊ မီတာ ၄၀၀ x ၄ လက်ဆင့်ကမ်း၊ သုံးဆင့်ခုန်၊ လှံတံပစ်)ပြိုင်ပွဲများကို ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်၍ အားကစားဝါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆို “အခမဲ့”လာရောက် အားပေးကြည့်ရှုနိုင်ကြောင်း သိရသည်။
သတင်းစဉ်


