၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ရိုးရာလက်ဝှေ့ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များ ဆက်လက်ကျင်းပ

ရန်ကုန်     ဩဂုတ်     ၁၆

မျိုးဆက်သစ်ရိုးရာ လက်ဝှေ့အားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် မြန်မာ့အားကစားအဆင့်အတန်းပိုမိုတိုးတက်လာစေရန် ရည်ရွယ်၍ အားကစားရေးရာဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာန၊ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်တို့  ပူးပေါင်းကျင်းပသည့်  ၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်ရိုးရာ လက်ဝှေ့ပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ သိမ်ဖြူရိုးရာလက်ဝှေ့အားကစားရုံ၌ ကျင်းပလျက်ရှိရာ ယနေ့ကွာတားဖိုင်နယ်ပွဲစဉ်များအဖြစ် အမျိုးသား ၅၁ ကီလို လူသစ်တန်းပြိုင်ပွဲ၊ အမျိုးသား ၅၄ ကီလို လူသစ်တန်းပြိုင်ပွဲ၊ အမျိုးသား ၅၇ ကီလို လူသစ်တန်းပြိုင်ပွဲ၊ အမျိုးသား ၅၇ ကီလို(ဂ အဆင့်) ပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားခဲ့သည်။

အမျိုးသား ၅၁ ကီလို လူသစ်တန်းပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီးအသင်းမှ မြင့်မြတ်မောင်(အနီ)နှင့် မန္တလေးတိုင်းဒေသကြီးအသင်းမှ မြတ်ဘုန်းခေါင် (အပြာ)တို့ ယှဉ်ပြိုင်ရာ မြင့်မြတ်မောင်(အနီ)က လည်းကောင်း၊ ကချင်ပြည်နယ်အသင်းမှ ဂွမ်ဆန်ဆိုင်းအောင်(အနီ)နှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းမှ ဒီဆိုင်းလျန်(အပြာ)တို့ ယှဉ်ပြိုင်ရာ ဂွမ်ဆန်ဆိုင်းအောင်(အနီ)ကလည်းကောင်း၊ ချင်းပြည်နယ်အသင်းမှ ထွန်းဝေယံလင်း(အနီ)နှင့် မွန်ပြည်နယ်အသင်းမှ ကျော်ကျော်ဌေး(အပြာ)တို့ ယှဉ်ပြိုင်ရာ ကျော်ကျော်ဌေး(အပြာ)က လည်းကောင်း၊  ဧရာဝတီတိုင်းဒေသကြီးအသင်းမှ မင်းဘုန်းမြင့်(အနီ)နှင့်  ကရင်ပြည်နယ်အသင်းမှ ဖိုးသဲ(အပြာ)တို့ ယှဉ်ပြိုင်ရာ ဖိုးသဲ(အပြာ)က လည်းကောင်း၊ အမျိုးသား ၅၄ ကီလို လူသစ်တန်းပြိုင်ပွဲတွင် မွန်ပြည်နယ်အသင်းမှ စောချစ်လေး(အနီ)နှင့် ရှမ်းပြည်နယ်အသင်းမှ ချစ်ငြိမ်းဦး(အပြာ)တို့ ယှဉ်ပြိုင်ရာ စောချစ်လေး(အနီ)က လည်းကောင်း၊ ကယားပြည်နယ်အသင်းမှ အာကာပိုင်ထူး(အနီ)နှင့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှ  ထက်ရှိုင်းလွင် (အပြာ)တို့ ယှဉ်ပြိုင်ရာ ထက်ရှိုင်းလွင်(အပြာ)ကလည်းကောင်း၊ ကရင်ပြည်နယ်အသင်းမှ တမ်ဟာရှိန်း(အနီ)နှင့် ပဲခူးတိုင်းဒေသကြီးအသင်းမှ ဖြိုးမင်းသန်း(အပြာ)တို့ ယှဉ်ပြိုင်ရာ  တမ်ဟာရှိန်း(အနီ)က လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းမှ လင်းသူရအောင်(အနီ)နှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းမှ ထက်လင်းစံ(အပြာ)တို့ ယှဉ်ပြိုင်ရာ  လင်းသူရအောင် (အနီ)က လည်းကောင်း ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။

အလားတူ အမျိုးသား ၅၇ကီလို လူသစ်တန်းပြိုင်ပွဲတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းမှ ထူးမြတ်လင်း(အနီ)နှင့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှ ရန်ကျိန်ကျိ(အပြာ)တို့ယှဉ်ပြိုင်ရာ ထူးမြတ်လင်း(အနီ)က လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအသင်းမှ ဝေယံမင်းသူ(အနီ)နှင့်  ရှမ်းပြည်နယ်အသင်းမှ ဇွဲလင်းထက်နိုင်(အပြာ)တို့ ယှဉ်ပြိုင်ရာ ဝေယံမင်းသူ(အနီ)က လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းမှ မြတ်မင်းသူ(အနီ)နှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းမှ  ရန်မျိုးအောင်(အပြာ)တို့  ယှဉ်ပြိုင်ရာ  ရန်မျိုးအောင်(အပြာ)က လည်းကောင်း၊ ကရင်ပြည်နယ်အသင်းမှ အောင်ထက်ကို(အနီ)နှင့် ကချင်ပြည်နယ်အသင်းမှ   နိုင်ထက်ဦး(အပြာ)တို့  ယှဉ်ပြိုင်ရာ  အောင်ထက်ကို(အနီ)က လည်းကောင်း၊ အမျိုးသား ၅၇ ကီလို(ဂ အဆင့်)ပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီးအသင်းမှ ကျော်စိုးသန်း(အနီ)နှင့်  ကယားပြည်နယ်အသင်းမှ ဝေယံကျော်(အပြာ)တို့ ယှဉ်ပြိုင်ရာ ကျော်စိုးသန်း (အနီ)က လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းမှ  ချမ်းမျိုးထက်(အနီ)နှင့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှ  မင်းပြည့်စုံ(အပြာ)တို့ ယှဉ်ပြိုင်ရာ ချမ်းမျိုးထက်(အနီ)က လည်းကောင်း၊ ချင်းပြည်နယ်အသင်းမှ ဟာဂေဟုန်း(အနီ)နှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းမှ ဒွေးကို(အပြာ)တို့ ယှဉ်ပြိုင်ရာ ဟာဂေဟုန်း(အနီ)က လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအသင်းမှ  ဝိုင်းချစ်ထွန်း(အနီ)နှင့် ကရင်ပြည်နယ်အသင်းမှ စောစိုးဒို့(အပြာ)တို့ ယှဉ်ပြိုင်ရာ စောစိုးဒို့(အပြာ)က လည်းကောင်း ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။

ဩဂုတ် ၁၇ ရက်တွင် ရိုးရာလက်ဝှေ့ပြိုင်ပွဲ အကြိုဗိုလ်လုပွဲ  ပွဲစဉ်များအဖြစ် အမျိုးသား ၆၃ ဒသမ ၅ ကီလို လူသစ်တန်းပြိုင်ပွဲ၊ အမျိုးသား ၆၇ ကီလို  လူသစ်တန်းပြိုင်ပွဲ၊ အမျိုးသား ၅၁ ကီလို(ဂ အဆင့်)  ပြိုင်ပွဲ၊ အမျိုးသား ၅၄ ကီလို(ဂ အဆင့်) ပြိုင်ပွဲ၊ အမျိုးသား ၆၇ ကီလို (ဂအဆင့်)ပြိုင်ပွဲ၊ အမျိုးသမီး ၅၁ ကီလိုပြိုင်ပွဲ၊ အမျိုးသမီး ၅၇ ကီလိုပြိုင်ပွဲများ ဆက်လက်ယှဉ်ပြိုင်ကစားမည်ဖြစ်ရာ အားကစားဝါသနာရှင်များ မည်သူမဆို “အခမဲ့” လာရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။                                            

သတင်းစဉ်