၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် လက်ဝှေ့ပြိုင်ပွဲ အမျိုးသား/အမျိုးသမီးဝိတ်တန်းအလိုက် အကြိုဗိုလ်လုပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပ

နေပြည်တော် အောက်တိုဘာ ၂၁

လက်ဝှေ့အားကစားအဆင့်အတန်း ပိုမိုဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရေးနှင့်   မျိုးဆက်သစ်လက်ဝှေ့အားကစားသမားများ ပေါ်ထွက်လာစေရေးတို့အတွက် ရည်ရွယ်၍   အားကစားရေးရာဝန်ကြီးဌာနမှ ကြီးမှူးပြီး အားကစားနှင့် ကာယပညာဦးစီးဌာန မြန်မာနိုင်ငံ   လက်ဝှေ့အဖွဲ့ချုပ်နှင့်    ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့  ပူးပေါင်း၍ “၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် လက်ဝှေ့ပြိုင်ပွဲ”  အကြိုဗိုလ်လုပွဲ ပွဲစဉ်များကို  ယနေ့မွန်းလွဲပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ အားကစားဥယျာဉ်ရှိ မိုးလုံလေလုံ အားကစားရုံ၌ ကျင်းပသည်။

ယနေ့ တိုင်းဒေသကြီးနှင့် ပြည်နယ်လက်ဝှေ့ပြိုင်ပွဲ  အကြိုဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် အမျိုးသား (၄၈၊ ၅၄၊ ၅၇၊ ၆၀၊ ၆၃.၅၊ ၆၇၊ ၇၅၊ ၈၀)ကီလိုတန်းပြိုင်ပွဲများနှင့် အမျိုးသမီး(၄၈၊ ၅၀)ကီလိုတန်းပြိုင်ပွဲများကို  အသီးသီးယှဉ်ပြိုင်ခဲ့ကြသည်။

အမျိုးသားပြိုင်ပွဲ ပွဲစဉ်များဖြစ်သည့်  (၄၈)ကီလိုတန်းပြိုင်ပွဲတွင်  တနင်္သာရီတိုင်းဒေသကြီးအသင်းမှ လင်းထက်စံ(အပြာ)က ပဲခူးတိုင်းဒေသကြီးအသင်းမှ ဝေယံထွန်း(အနီ)ကို လည်းကောင်း၊ ရန်ကုန်တိုင်း ဒေသကြီးအသင်းမှ ခန့်ဖြိုးကျော်(အပြာ)က မကွေးတိုင်းဒေသကြီးအသင်းမှ ဖိုးလပြည့် (အနီ)ကို လည်းကောင်း၊  (၅၄)ကီလိုတန်းပြိုင်ပွဲတွင်  ပဲခူးတိုင်းဒေသကြီးအသင်းမှ ထွန်းထက်ခိုင် (အပြာ)က    ချင်းပြည်နယ်အသင်းမှ    ဟာခေါဂေ (အနီ)ကိုလည်းကောင်း၊  ဧရာဝတီတိုင်းဒေသကြီးအသင်းမှ ဖြိုးကျော်ကျော်(အနီ)က ကရင်ပြည်နယ်အသင်းမှ စောစိုးထက်စံ(အပြာ)ကိုလည်းကောင်း၊ (၅၇)ကီလို တန်းပြိုင်ပွဲတွင် မွန်ပြည်နယ်အသင်းမှ ရဲဇော်(အပြာ)က မန္တလေးတိုင်းဒေသကြီးအသင်းမှ ကောင်းကင်ကြယ်(အနီ)ကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းမှ  ဇဖဲထန်(အပြာ)က ရှမ်းပြည်နယ်အသင်းမှ    ဖြိုးဝေထွန်း (အနီ)ကိုလည်းကောင်း၊   (၆၀)ကီလိုတန်းပြိုင်ပွဲတွင်     မကွေးတိုင်းဒေသကြီး အသင်းမှ ကျော်သူရ(အပြာ)က ရန်ကုန်တိုင်းဒေသကြီးအသင်းမှ ဇော်လင်းထွေး(အနီ)ကို လည်းကောင်း၊  ပဲခူးတိုင်းဒေသကြီးအသင်းမှ      သီဟအောင်(အနီ)က  ကရင်ပြည်နယ်အသင်းမှ အောင်ခန့်ဖြိုး(အပြာ)ကိုလည်းကောင်း၊ (၆၃.၅)ကီလိုတန်းပြိုင်ပွဲတွင် ကရင်ပြည်နယ်အသင်းမှ အေးကိုဇင်(အပြာ)က  ဧရာဝတီတိုင်းဒေသကြီးအသင်းမှ မင်းကျော်ဇင်(အနီ)ကို လည်းကောင်း၊  ရန်ကုန်တိုင်းဒေသကြီးအသင်းမှ လုံဂျုံရိန်ကြွယ်နော်(အနီ)က မန္တလေးတိုင်းဒေသကြီးအသင်းမှ ဟိန်းစိုးဦး (အပြာ) ကို လည်းကောင်း၊ အမျိုးသား(၆၇)ကီလိုတန်းပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီးအသင်းမှ ဇင်မင်းကို (အနီ)က ကချင်ပြည်နယ်အသင်းမှ ယော်ဘောမ်(အပြာ)ကို  လည်းကောင်း၊  မန္တလေးတိုင်းဒေသကြီး အသင်းမှ အောင်မြင့်ထွန်း(အပြာ)က ရန်ကုန်တိုင်းဒေသကြီးအသင်းမှ တန်မိုင်(အနီ)ကို လည်းကောင်း၊ အမျိုးသား (၇၅)ကီလိုတန်းပြိုင်ပွဲတွင်   ပဲခူးတိုင်းဒေသကြီးအသင်းမှ    စောဒဲနစ်ဗစ်တာဝါး (အပြာ)က ရခိုင်ပြည်နယ်အသင်းမှ ဟိန်းသန့်ဇင် (အနီ)ကိုလည်းကောင်း၊  မန္တလေးတိုင်းဒေသကြီးအသင်းမှ ရဲလွင်ထွန်း(အပြာ)က ရှမ်းပြည်နယ်အသင်းမှ  ထွန်းထွန်းဝင်း(အနီ)ကိုလည်းကောင်း၊ အမျိုးသား (၈၀)ကီလိုတန်း  ပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအသင်းမှ ကောင်းထက်ဇော်(အနီ)က    ရှမ်းပြည်နယ် အသင်းမှ ဟန်ထူးလွင်(အပြာ)ကိုလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအသင်းမှ ကောင်းမြတ်သူ(အပြာ) က   ပဲခူးတိုင်းဒေသကြီးအသင်းမှ သီဟကိုကို(အနီ)ကိုလည်းကောင်း  ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။

အလားတူ အမျိုးသမီး(၄၈)ကီလိုတန်းပြိုင်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီးအသင်းမှ ဖူးပွင့်မြတ် (အပြာ)က ကရင်ပြည်နယ်အသင်းမှ အေးအေးနွယ်(အနီ)ကိုလည်းကောင်း၊   ပြည်ထောင်စုနယ်မြေ  နေပြည်တော်အသင်းမှ အိမ့်မြတ်သော်(အနီ)က မန္တလေးတိုင်းဒေသကြီးအသင်းမှ   လောမံ(အပြာ)ကို   လည်းကောင်း၊ (၅၀)ကီလိုတန်းပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးအသင်းမှ လဝန်းနွယ်(အနီ)က  တနင်္သာရီတိုင်းဒေသကြီးအသင်းမှ   နော်တာဘလုစိုး(အပြာ)ကို လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အသင်းမှ သန္တာ(အနီ)က မကွေးတိုင်းဒေသကြီးအသင်းမှ ဖူးဖူး(အပြာ)ကိုလည်းကောင်း  ယှဉ်ပြိုင် အနိုင်ရရှိခဲ့သည်။

ကြည့်ရှုအားပေး

၂၀၂၆ ခုနှစ် အောက်တိုဘာ ၂၂ ရက် မွန်းလွဲ ၂ နာရီမှ  စတင်၍  ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ အားကစား ဥယျာဉ်ရှိ မိုးလုံလေလုံ အားကစားရုံ၌ “၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်    ပြည်နယ်လက်ဝှေ့ပြိုင်ပွဲ” အမျိုးသား/အမျိုးသမီးဝိတ်တန်းအလိုက် အကြိုဗိုလ်လုပွဲ ပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်၍ အားကစားဝါသနာရှင်  မိဘပြည်သူများအနေဖြင့် မည်သူမဆို “အခမဲ့” လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။

သတင်းစဉ်