၂၀၂၆ ခုနှစ် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ်နှင့်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ဆုပေးပွဲကျင်းပ

မကွေး   ဩဂုတ်   ၂၃

မြန်မာ့အားကစားလောက အဆင့်အတန်းတိုးတက်မြင့်မားလာစေရန်နှင့် မြို့နယ်ပေါင်းစုံအားကစားပြိုင်ပွဲများမှတစ်ဆင့် နိုင်ငံ့လက်ရွေးစင်အားကစားသမားကောင်းများ စဉ်ဆက်မပြတ်ပေါ်ထွက်လာစေရန်၊ နိုင်ငံ့ဂုဏ်ဆောင်  ဘောလုံးအားကစားသမားကောင်းများ  ပေါ်ထွက်လာစေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလားမြို့နယ်ပေါင်းစုံ   အသက် (၁၈)နှစ်နှင့်အောက် ပြေးခုန်ပစ်ပြိုင်ပွဲကျင်းပခဲ့ပြီး   ဆုပေးပွဲကို   ယနေ့နံနက်  ၉  နာရီခွဲတွင်   တိုင်းဒေသကြီး အားကစားကွင်း၌   ကျင်းပခဲ့သည်။

ဦးစွာ   တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်   တာဝန်ရှိသူများသည် အမျိုးသား/ အမျိုးသမီး ၄ x ၁၀၀၊ ၄ x ၄၀၀ လက်ဆင့်ကမ်းပြိုင်ပွဲ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးကြသည်။

ဆက်လက်၍  ဆုပေးပွဲအခမ်းအနားကို ကျင်းပရာ အမျိုးသား/အမျိုးသမီး မီတာ ၃၀၀၀ ၊ မီတာ- ၈၀၀၊  မီတာ-၂၀၀၊ မီတာ_၁၀၀ ပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး (၄ x ၁၀၀)၊ (၄ x ၄၀၀) လက်ဆင့်ကမ်းပြိုင်ပွဲများ၊ အလျားခုန်၊ သုံးဆင့်ခုန်၊ လှံတံပစ်၊ သံလုံးပစ်၊ သံပြားပစ်၊ အမြင့်ခုန်ပြိုင်ပွဲများတွင်  ဆုရရှိကြသူများကို တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က   ဆုများချီးမြှင့်ပေးအပ်ပြီး အမျိုးသား/အမျိုးသမီး အသက်(၁၈) နှစ်အောက် ၄ x ၄၀၀ လက်ဆင့်ကမ်းပြိုင်ပွဲတွင် ပထမဆုရရှိသော တောင်တွင်းကြီး မြို့နယ်အသင်းအား ဆုကလပ်နှင့် ငွေသားဂုဏ်ပြုဆုငွေများနှင့် အမျိုးသား/အမျိုးသမီး   အသက် (၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲတွင် တံခွန်စိုက်ဆုရရှိသော ဆိတ်ဖြူမြို့နယ်အသင်းအား တံခွန်စိုက်ဆုဖလားနှင့် ငွေသားဂုဏ်ပြုဆုငွေများကို တိုင်းဒေသကြီးဝန်ကြီးချုပ်က ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

မောင်ခိုင်မင်း(ပြန်/ဆက်)