၂၀၂၆ ခုနှစ် ကမ္ဘာ့နှလုံးကျန်းမာရေးနေ့အထိမ်းအမှတ် နှလုံးကျန်းမာရေး အသိပညာပေးဟောပြော

နေပြည်တော် စက်တင်ဘာ ၂၀

 

ကမ္ဘာ့နှလုံး ကျန်းမာရေးနေ့ အထိမ်းအမှတ်အဖြစ် နှလုံးကျန်းမာရေး ပညာပေးဟောပြောပွဲကို စက်တင်ဘာ ၁၉ ရက် မွန်းလွဲ ၁ နာရီတွင် မဟာအောင်မြေမြို့နယ် ၅၈ လမ်းရှိ မင်္ဂလာဆေးရုံ၊ ၉ ထပ်ရှိ Comference Hall ၌ ကျင်းပသည်။

 

ဟောပြောပွဲတွင် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး နှလုံးရောဂါ ဆေးပညာဌာန ပါမောက္ခ/ဌာနမှူး ဒေါက်တာ ကျော်စိုးဝင်းက နှလုံးရောဂါဖြစ်ပွားစေသည့်အဓိက အကြောင်းရင်းများနှင့် အန္တရာယ်များ၊ မကျန်းမာသော စားသောက်မှုပုံစံ၊ ကိုယ်လက် လှုပ်ရှားမှုနည်းပါးခြင်း၊ နှလုံးရောဂါနှင့်ပတ်သက်၍ မြန်မာ့လူနေမှုပုံစံအမှားများ၊ နှလုံးကို ကာကွယ်ရန် လက်တွေ့လုပ်ဆောင်ရမည့်အချက်များ၊ နှလုံးသွေးကြောပိတ်ခြင်း၏ အရေးပေါ် လက္ခဏာများကို ရှင်းလင်းဟောပြောပြီး တက်ရောက်လာသူများ၏ မေးမြန်းဆွေးနွေးမှုများကို ပြန်လည်ဖြေကြားသည်။

 

၂၀၂၆ ခုနှစ် ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ဆောင်ပုဒ်မှာ “Don’t Miss Abeat”နှလုံးခုန်မရပ်ဖို့ ဂရုစိုက်စို့ ဖြစ်ပြီး နှလုံးသွေးကြောပိတ်ခြင်းအရေးပေါ်ကာကွယ်ကုသမှုများ အကြောင်းကိုလည်း စက်တင်ဘာ ၂၆ ရက်တွင် မန္တလေးမြို့တော်ခန်းမတွင် ကျန်းမာရေးပညာပေး ဟောပြောသွားမည် ဖြစ်ကြောင်း သိရသည်။

မောင်ပြည်သူ(မန္တလေး)