နေပြည်တော် ဩဂုတ် ၉
ပညာရေးဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကျောင်းပြင်ပရောက်ကလေးများအတွက် အထူးအစီအစဉ်တစ်ရပ်အနေဖြင့် ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ် ကျောင်းပြင်ပ မူလတန်းပညာရေးနှင့် ကျောင်းပြင်ပအလယ်တန်းပညာရေး အတန်းနေရာချထားမှု စစ်ဆေးခြင်း (Placement Test) စာမေးပွဲကို ကျင်းပဆောင်ရွက်လျက်ရှိရာ ကျောင်းပြင်ပရောက် မူလတန်းကျောင်းသား ၆၉၃ ဦးနှင့် အလယ်တန်းကျောင်းသား ၁၆၆၂ ဦးတို့ လာရောက်ဖြေဆို ကြသည်။
အဆိုပါ Placement Test စာမေးပွဲကို ယနေ့ နံနက် ၉ နာရီတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ သတ်မှတ်ထားသော စာဖြေဌာနများ၌ ကျင်းပသည်။
ယနေ့ နံနက်ပိုင်းတွင် တောင်ငူမြို့ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနေမှုများကို ပညာရေးဝန်ကြီးဌာန ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ပဲခူးတိုင်းဒေသကြီး ပညာရေးမှူးတို့က လှည့်လည်ကြည့်ရှုအားပေး၍ စာမေးပွဲဖြေဆိုပြီးချိန်တွင် ကျောင်းသား ကျောင်းသူများအတွက် အချိုရည်နှင့် စားသောက်ဖွယ်ရာများ ပေးဝေကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


