၂၀၂၅ ခုနှစ်အတွင်း မလေးရှား၌ မွေးဖွားမှု ၄ ဒသမ ၅ ရာခိုင်နှုန်းလျော့ကျ

၂၀၂၅  ခုနှစ်အတွင်း  မလေးရှားနိုင်ငံ၌  မွေးဖွားသူဦးရေမှာ ၃၉၆၁၇၅ ဦးရှိရာ ၂၀၂၄ ခုနှစ်က မွေးဖွားသူဦးရေ ၄၁၄၉၁၈ ဦးရှိရာမှ ၁၈၇၄၃ ဦး (၄ ဒသမ ၅) ရာခိုင်နှုန်း လျော့နည်းသွားကြောင်း  အောက်တိုဘာ ၁၅  ရက်က  ထုတ်ပြန်သည့်  အချက်အလက်များအရ  သိရသည်။ အလားတူ ၂၀၂၅ ခုနှစ်အတွင်း သေဆုံးသူအရေအတွက်မှာ ၁၉၉၈၀၇ ဦးရှိရာ ၂၀၂၄ ခုနှစ်က သေဆုံးသူဦးရေ ၁၉၈၉၉၂  ဦးထက်  ၈၁၅ ဦး (၀ ဒသမ ၄) ရာခိုင်နှုန်းတိုးလာကြောင်း သိရသည်။                        

ဆင်ဟွာ