၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် တပ်မတော်(ရေ)မှ စစ်မှုထမ်းဆဲနှင့်စစ်မှုထမ်းဟောင်းမိသားစုဝင်သားသမီးများအား ဂုဏ်ပြုဆုချီးမြှင့်

နေပြည်တော် စက်တင်ဘာ ၂၄

 

၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် တပ်မတော်(ရေ)မှ စစ်မှုထမ်းဆဲနှင့် စစ်မှုထမ်းဟောင်းမိသားစုဝင် သားသမီးများအား ဂုဏ်ပြုဆု ချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ညနေပိုင်းတွင် ဧရာဝတီရေတပ် စခန်းဌာနချုပ်၌ ကျင်းပရာ ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီးထိန်ဝင်းနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ စစ်မှုထမ်းဟောင်းမိသားစုဝင်များ၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်မြင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူများ၊ ကျောင်းသားမိဘများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

ဦးစွာ ကာကွယ်ရေးဦးစီးချုပ် (ရေ)က ဂုဏ်ပြုအမှာစကား ပြောကြားသည်။ ထို့နောက် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ခြောက်ဘာသာဂုဏ်ထူးရှင် လေးဦး၊ ငါးဘာသာဂုဏ်ထူးရှင် ခြောက်ဦး၊ လေးဘာသာဂုဏ်ထူးရှင် ခုနစ်ဦး၊ သုံးဘာသာဂုဏ်ထူးရှင် ကိုးဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ကိုးဦး၊ တစ်ဘာသာဂုဏ်ထူးရှင် ၂၀ တို့အား ကာကွယ်ရေးဦးစီးချုပ် (ရေ)နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြပြီး စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်