အမ်မန် ဩဂုတ် ၂၇
၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၈ ရက်မှ ၂၀၂၆ ခုနှစ် ဩဂုတ် ၂၄ ရက်အထိ ဂျော်ဒန်နိုင်ငံမှ ဆီးရီးယားနိုင်ငံသို့ ဆီးရီးယားဒုက္ခသည် ၂၂၀၀၀၀ ခန့် မိမိဆန္ဒအလျောက် ပြန်လည်ဝင်ရောက်ခဲ့ကြောင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ထုတ်ပြန်ထားသည်။
၂၀၂၆ ခုနှစ်စမှစ၍ ဆီးရီးယားဒုက္ခသည် ၄၅၀၀၀ နီးပါး ဆီးရီးယားနိုင်ငံသို့ ပြန်လည်ဝင်ရောက်ခဲ့ကြောင်းနှင့် အပတ်စဉ် ပြန်လည်ဝင်ရောက်လာသူ ပျမ်းမျှအရေအတွက်မှာ ၁၃၀၀ ဝန်းကျင်ရှိပြီး တစ်ရက်အတွင်း အများဆုံးပြန်လည်ဝင်ရောက်သူအရေအတွက်မှာ ၂၀၀ မှ ၃၄၄ ဦးအထိရှိကြောင်း UNHCR ပြောရေးဆိုခွင့်ရှိသူ ယူဆက်ဖ်တာဟာက ဩဂုတ် ၂၇ ရက်တွင် ပြောကြားသည်။
ပြန်လည်ဝင်ရောက်သူများအနက် ၅၉ ရာခိုင်နှုန်းမှာ မိသားစုတစ်စုလုံး ပြန်လည်ဝင်ရောက်ကြခြင်းဖြစ်ပြီး ၄၁ ရာခိုင်နှုန်းမှာ မိသားစုဝင်အချို့သာ ပြန်လည်ဝင်ရောက်ကြခြင်းဖြစ်ကြောင်း သိရသည်။
ဂျော်ဒန်နိုင်ငံတွင် လက်ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၌ မှတ်တမ်းတင်ထားသည့် ဒုက္ခသည်များနှင့် ခိုလှုံခွင့်တောင်းခံသူ စုစုပေါင်း ၃၇၅၀၀၀ ဝန်းကျင်ရှိပြီး ယင်းတို့အနက် ၉၂ ရာခိုင်နှုန်းခန့်မှာ ဆီးရီးယားနိုင်ငံသားများဖြစ်ကြောင်း သိရသည်။
ဆင်ဟွာ


