(၂၀၂၀) ရာသီ Myanmar National League (MNL) အမှတ်ပေးပြိုင်ပွဲ ဘောလုံးပွဲစဉ် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှတိုက်ရိုက်ထုတ်လွှင့်ပြသမည်

နေပြည်တော်  ၁၄  ဖေဖော်ဝါရီ 
 

(၂၀၂၀) ရာသီ Myanmar National League (MNL) အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၆) ပွဲစဉ်များအနက် ချင်းယူနိုက်တက် FC အသင်းနှင့်  ဧရာဝတီယူနိုက်တက် FC အသင်းတို့သည် ဖေဖော်ဝါရီ ၁၅ ရက် ညနေ ၄ နာရီတွင်လည်းကောင်း၊  ဇွဲကပင်ယူနိုက်တက် FC အသင်းနှင့် ရှမ်းယူနိုက်တက် FC အသင်း တို့သည် ဖေဖော်ဝါရီ ၁၆ ရက် ညနေ ၄ နာရီ တွင်လည်းကောင်း ရန်ကုန်မြို့ရှိ သုဝဏ္ဏအားကစားကွင်းတွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။ 


အဆိုပါ ဘောလုံးပွဲစဉ်များကို မြန်မာ့ရုပ်မြင်သံကြား (MRTV) နှင့် MRTV Sports Channel တို့တွင် ညနေ ၃ နာရီ ၄၅ မိနစ်မှစတင်၍ တိုက်ရိုက် (Live) ထုတ်လွှင့်ပြသပေးသွားမည်ဖြစ် ကြောင်း သိရသည်။ 

 

(သတင်းစဉ်)