၂၀၂၀ ခုနှစ် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများ Apple Application ကို အသုံးပြုပြီး သင်ရိုးညွှန်းတမ်းများ အခမဲ့ လေ့လာကြည့်ရှုနိုင်

ရန်ကုန်    ၃၁   အောက်တိုဘာ

 

မြန်မာနိုင်ငံ ပညာရေးကဏ္ဍကို တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် ရည်ရွယ် ပြီး၂၀၂၀ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုကြရမည့် ကျောင်းသား ကျောင်းသူလေးများသည် Apple Application ကို အသုံးပြု၍ သင်ရိုးညွှန်းတမ်းများအား နိုင်ငံတစ်ဝန်း လေ့လာနိုင်မည်ဖြစ်ကြောင်း ဗီဒီယို စီစဉ် ရိုက်ကူးရာတွင် မေတ္တာဖြင့် ကူညီပေးခဲ့ကြသော ဆရာ/ဆရာမ များအား အောက်တိုဘာ ၂၉ ရက် Sule Shangrila Hotel တွင် ပြုလုပ်သောဂုဏ်ပြုမိတ်ဆက်ပွဲ အခမ်းအနား ၌ ပန်းသီးဖောင်ဒေးရှင်း၏ အထွေထွေအတွင်းရေးမှူး ဒေါ်ယဉ်ယဉ်ငြိမ်း က အမှာစကား ပြောကြားရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။

 

အဆိုပါ ပန်းသီးအပလီကေးရှင်း သင်ရိုးညွှန်းတမ်းများကို သက်ဆိုင်ရာ ဘာသာရပ်အလိုက် ကျွမ်းကျင်သော ဆရာ/ဆရာမများက သင်ကြားပေးစေကာ ရိုက်ကူးထားသည့် ဗီဒီယိုဖိုင်တွေကို ဒေါင်းလောခ့်ပြုလုပ်ပြီး လေ့လာ၍ သင်ကြားသင်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

ထို့အပြင် KG တန်းမှစ၍လည်း တက္ကသိုလ်ဝင်တန်းထိ ဘာသာရပ်အလိုက် Apple Application ကနေပြီး အခမဲ့လေ့လာသင်ကြားနိုင်အောင် ထပ်မံ၍စီစဉ်ဆောင်ရွက်နေကြောင်းသိရသည်။

 

ပန်းသီးဖောင်ဒေးရှင်း မှ အထွေထွေအတွင်းရေးမှူး ဒေါ်ယဉ်ယဉ်ငြိမ်း က" ကျွန်မတို့ လက်ရှိအနေ နဲ့ အင်္ဂလိပ်စာ၊ သင်္ချာ ဘာသာ နဲ့ ဓာတုဗဒေဘာသာရပ်တွေကို ဒီကနေ့က စပြီး Apple Application ကန လေ့လာသင်ယူလို့ရပါပြီ။ တက္ကသိုလ်ဝင်တန်းစာမေးပွဲ မဖြေဆိုမီ  ကျန်ဘာသာရပ်တွေ ကိုလည်း မကြာခင် လေ့လာသင်ယူနိုင်အောင် လုပ်နေပါတယ်၊ အဓိကကတော့၊ တက္ကသိုလ် ဝင်တန်း ပြန်လည်ဖြေဆိုမယ့် ကျောင်းသား ကျောင်းသူတွေ၊‌ ဝေးလံခေါင်သီတဲ့ဒေသ‌ တွေမှာရှိတဲ့ ကျောင်းသား/ကျောင်းသူတွေနဲ့ ဘုန်တော်ကြီးပညာသင်ကျောင်းတွေ အတွက်ဖြစ်ပါတယ်"ဟု ပြောသည်။

 

သတင်း-မျိုးမင်းသိန်း(မရမ်းကုန်း)

ဓါတ်ပုံ-မျိုးကြီး