၂၀၁၉ ဗင်နီဇွဲလားအလှမယ်ပြိုင်ပွဲတွင် ကိုယ်ခန္ဓာအတိုင်းအတာတွေကို ဖော်ပြမှာ မဟုတ်ကြောင်း ထုတ်ပြန်

၃၁ ဇူလိုင်

၂၀၁၉ ဗင်နီဇွဲလားအလှမယ်ရွေးပွဲတွင် ပါဝင်ယှဉ်ပြိုင်မယ့် အလှမယ်တွေရဲ့ ခါး၊တင်၊ရင် အတိုင်းအတာတွေကို ပထမဦးဆုံးအကြိမ်အဖြစ် ပြောဆိုကြေငြာမှာ မဟုတ်ဘူးလို့ သိရပါတယ်။ အမျိုးသမီးတစ်ယောက်ရဲ့အလှကို ပုံသေကားချပ်ထဲ မထည့်ဘဲ အဲဒီအမျိုးသမီးရဲ့ စွမ်းရည်နဲ့ ပင်ကိုယ်အရည်အချင်းတွေကို လုပ်ဆောင်ချက်နဲ့ပဲ အလှကို တိုင်းတာမယ်ဖို့အတွက်ဖြစ်တယ်လို့ ဆိုပါတယ်။

MDN
ကိုးကား - AFP

2