၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့် ထုတ်ပေးခြင်းအခမ်းအနားကျင်းပ

ကျောက်ဆည် ဩဂုတ် ၁၀

 

၂၀၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေနှင့်အညီ လုပ်ငန်းခွင်ပြင်ပ ထိခိုက်မှုကြောင့် ခန္ဓာကိုယ်အစိတ်အပိုင်း ဆုံးရှုံးမှု၊ အမြဲတမ်းမသန်စွမ်းမှု (ငွေလုံးငွေရင်း) ထုတ်ပေးခြင်းကို ယနေ့နံနက်ပိုင်းက မန္တလေး လူမှုဖူလုံရေးတိုင်းရုံး၌ ကျင်းပသည်။

 

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး တာဝန်ခံအရာရှိ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်ကေသီခိုင်က ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေပါ အကျိုးခံစားခွင့်များကို အလုပ်ရှင်၊ အလုပ်သမား များအား သိရှိသဘောပေါက်စေရန် ရှင်းလင်းပြောကြားပြီး ကံကောင်းခြင်း ရတနာ သစ်အချောထည်စက်ရုံမှ အာမခံ အလုပ်သမား ဦးလှဝင်းအား အမြဲတမ်းမသန်စွမ်းမှု (ငွေလုံး ငွေရင်း)အကျိုးခံစားခွင့် ငွေကျပ် ၄၇၆၂၈၀၀ ကို ပေးအပ်ခဲ့ကြောင်း သိရသည်။

 

သက်မောင်(ကျောက်ဆည်)