(၁၅) ကြိမ်မြောက် ပြင်ဦးလွင်တန်ဆောင်တိုင်ပွဲတော် အထိမ်းအမှတ် ညမီးပုံးပျံများ ဝင်ရောက်ယှဉ်ပြိုင်

ပြင်ဦးလွင် ၁၀ နိုဝင်ဘာ  

 

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် တည်ထားကိုးကွယ်သောလျက်ရှိသော မဟာအံ့ထူးကံသာ ဆုတောင်းပြည့်ဘုရားကြီး ( ပြည်ချစ်ဘုရားကြီး ) ၏ (၁၅) ကြိမ်မြောက် တန်ဆောင်တိုင်ပွဲတော်တွင်  ညမီးပုံးပျံများ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါ ညမီးပုံးပျံများဖြစ်သည့် စိန်နားပန်မီးပုံးပျံ နှင့် ညမီးကျည်မီးပုံးပျံများ သည်  နိုဝင်ဘာ ၈ ရက်မှ ၁၂ ရက်အထိ နေ့စဉ်ပွဲစဉ်ဇယားအတိုင်း ဌာန/ရပ်ကွက်၊ အဖွဲ့အစည်းများ ကိုယ်စားပြုသော အသင်းခေါင်းဆောင်များမှ ဦးဆောင်၍  စိန်နားပန်မီးပုံးပျံများဖြစ်သည့်  ဖွင့်ပွဲမီးပုံးပျံ၊ ပညာ့အလင်းမီး၊ တိုးပွားအောင်မီး စသည့် မီးပုံးပျံ (၁၈ )လုံးနှင့် ညမီးကျည်မီးပုံးပျံ အလုံး ( ၂၀ )၊ စုစုပေါင်း ( ၃၈ )လုံးတို့ အသီးသီးဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။

 

ဇော်မျိုးထိုက် ( ပြင်ဦးလွင် )