(၁၀၆)ကြိမ်မြောက် ပျဉ်းမနားမြို့နယ်လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူဘုရားကားများ ဒေသစာရီကြွချီပူဇော်ခံမှု ဆုချီးမြှင့်ပွဲကျင်းပ

နေပြည်တော် အောက်တိုဘာ ၂၈

 

(၁၀၆) ကြိမ်မြောက် ပျဉ်းမနားမြို့နယ်လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူ ဘုရားကားများ ဒေသစာရီကြွချီ ပူဇော်ခံမှု ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ပျဉ်းမနားမြို့ မင်္ဂလာဗျူဟာ သာသနာ့ ဗိမာန်တော်ကြီး၌ ကျင်းပသည်။

 

အခမ်းအနားတွင် (၁၀၆)ကြိမ်မြောက် ပျဉ်းမနားမြို့နယ်လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူ ဘုရားကားများ ဒေသစာရီလှည့်လည်ပူဇော်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အလှူငွေများထည့်ဝင် လှူဒါန်းခဲ့ကြသည့် အလှူရှင်များအား နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးနှင့် ကောင်စီဝင်များက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပြီး နှစ်ကျိပ်ရှစ်ဆူဘုရားကားများ ဒေသစာရီကြွချီပူဇော်ခံမှု ပထမ၊ ဒုတိယ၊ တတိယဆုရရှိ ကြသည့်ဝတ်အသင်းများနှင့် ဌာနဆိုင်ရာများအား ဂုဏ်ပြုဆုတံဆိပ်နှင့် ဆုကြေးငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

 

နေပြည်တော် ပျဉ်းမနားမြို့တွင် သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့တိုင်း ကျင်းပသည့် နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓရုပ်ပွားတော်များ ဒေသစာရီကြွချီ လှည့်လည်ပူဇော်ပွဲကို နှစ်စဉ် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)