ဂျပန်ဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတဲ့ ဇိမ်ခံသင်္ဘောနဲ့ လိုက်ပါသူတွေထဲက ၆၁ ဦးမှာ ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိ

၇ ဖေဖော်ဝါရီ

ဂျပန်နိုင်ငံ ယိုကိုဟားမား ဆိပ်ကမ်းမှာ ပြီးခဲ့တဲ့ တနင်္လာနေ့က ဆိုက်ကပ်ထားတဲ့ Diamond Princess အပျော်စီး ဇိမ်ခံသင်္ဘောပေါ်မှာ လိုက်ပါလာသူ ၃၇၀ဝ ကျော်ကို ကိုရိုနာဗိုင်းရပ်စ်ပိုးစစ်ဆေးရာ အခုဆိုရင် ၆၁ ဦးမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိကြောင်း သိရပါတယ်။ 

ဗိုင်းရပ်စ်ပိုးတွေ့ရှိသူတွေအား ဆေးရုံတွေဆီကို ပို့ပေးရန် ပြင်ဆင်နေကြောင်း၊ ဗိုင်းရပ်စ်ပိုးထပ်မံတွေ့ရှိသူတွေကတော့ ဂျပန်နိုင်ငံသား ၂၁ ဦး၊ အမေရိကန်၊ ကနေဒါ၊ သြစတြေးလျ၊ အာဂျင်တီးနားနဲ့ ဗြိတိန်နိုင်ငံတွေက နိုင်ငံသား တစ်ဦးစီ ဖြစ်ကြောင်း သိရပါတယ်။ 

သင်္ဘောပေါ်လိုက်ပါလာသူအားလုံးကို သင်္ဘောမှာဘဲ သီတင်းနှစ်ပတ် သီးသန့်ခွဲထားပြီး ဆေးစစ်မှုတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။ 

ဆေးစစ်မှုကနေ ထွက်ပေါ်တဲ့ အဖြေအရ ပထမအကြိမ်မှာ လူပေါင်း ၂၀ မှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိတဲ့ အတွက် သင်္ဘောကနေ ဖယ်ရှားပြီး ဆေးကုသပေးနေကြောင်း၊ အဲဒီထဲက တစ်ဦးကတော့ စိုးရိမ်ရတဲ့အခြေအနေမှာရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ 

ဒီနေ့ထွက်ပေါ်လာတဲ့ ဆေးစစ်မှုရဲ့အဖြေအရ လူပေါင်း ၄၁ ဦးမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိတာ ဖြစ်ပါတယ်။ 

ဂျပန်နိုင်ငံကိုဦးတည်ပြီး ထွက်လာတဲ့ သင်္ဘော ဒုတိယအစင်းမှာလည်း ဗိုင်းရပ်စ်ပိုး ကူးစက်ခံသူလို့ သံသယရှိသူပါရှိတဲ့အတွက် သင်္ဘောကို ဆိုက်ကပ်ခွင့် မပြုကြောင်း၊ ဒီလအတွင်းမှာ ဂျပန်နိုင်ငံကို ရောက်ရှိလာမယ့် နောက်ထပ် သင်္ဘောလေးစင်းကိုလည်း ဗိုင်းရပ်စ်ပိုးသာ ပါခဲ့မယ်ဆိုရင် လာလမ်းအတိုင်း ပြန်လှည့်ခိုင်းမယ်လို့ ဝန်ကြီးချုပ်အာဘေးက ပြောပါတယ်။ 

MDN
ကိုးကား -AFP