၂၀၂၀ ရာသီ Myanmar National League (MNL) အမှတ်ပေးပြိုင်ပွဲ ဘောလုံးပွဲစဉ် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့်ပြသမည်

နေပြည်တော် ၁၈ ဇန်နဝါရီ

 

၂၀၂၀ ရာသီ Myanmar National League (MNL) အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၂) ပွဲစဉ်များအနက် ရန်ကုန်ယူနိုက်တက်အသင်းနှင့်  ဇွဲကပင် ယူနိုက်တက်အသင်းတို့သည် ဇန်နဝါရီ ၁၉ ရက် ညနေ ၃ နာရီခွဲတွင် ရန်ကုန်မြို့ရှိ YUSC ကွင်း၌ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

 

အဆိုပါ ဘောလုံးပွဲစဉ်ကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား(MRTV)နှင့် MRTV Sports Channel တို့တွင် ယင်းနေ့ ညနေ ၃ နာရီ ၁၅ မိနစ်မှစတင်ပြီး တိုက်ရိုက်(Live) ထုတ်လွှင့်ပြသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်