တိုင်း​​ဒေသကြီးဝန်ကြီးချုပ်ဖလား(၆)ခရိုင် အသက်(၂၅)နှစ်​အောက် အမျိုးသမီး​ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ

ပုသိမ် ၁၄ နိုဝင်ဘာ

 

ဧရာဝတီတိုင်း​ဒေသကြီးဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက်(၂၅)နှစ်​အောက် အမျိုးသမီး​ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယ​နေ့ည​နေ ၅ နာရီ က ပုသိမ်မြို့ ​ကျောက်တိုင် အားကစားကွင်း၌ ကျင်းပခဲ့သည်။

 

အခမ်းအနားတွင် ဆုရရှိခဲ့သည့် ခရိုင်အသင်း အားကစားသမားများက ကွင်းအတွင်း ​နေရာယူခဲ့ကြပြီး တိုင်း​ဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တတိယဆုရရှိခဲ့သည့် မအူပင်ခရိုင်အသင်း အားကစား သမားများအား တစ်ဉီးချင်းဆု နှင့် ​ငွေသားဆုများကိုလည်း​ကောင်း၊ ဒုတိယဆုရရှိသည့် ​မြောင်းမြခရိုင်အသင်း အားကစားသမားများအား တစ်ဉီးချင်းဆုနှင့် ​ငွေသားဆုများကိုလည်း​ကောင်း၊ ပထမဆုရရှိသည့် ပုသိမ်ခရိုင်အသင်း အားကစားသမားများအား တစ်ဦးချင်းဆုများကို လည်း​ကောင်း၊​ နေရာအလိုက် အ​ကောင်းဆုံးအားကစားသမားဆုရရှိသူများကို တစ်ဉီးချင်းဆု နှင့် ​ငွေသားစုများကိုလည်း​ကောင်း၊ ပထမဆုရရှိသည့် ​ပုသိမ်ခရိုင်အသင်းအား ​ငွေသားဆုနှင့် တံခွန်စိုက်ဆုဖလားကိုလည်း​ကောင်း အသီးသီးချီးမြှင့်​ပေးအပ်ခဲ့​ကြောင်း သိရသည်။

 

တိုး​ဝေဇင်(တိုင်းပြန်ဆက်)

 

န်နန