လုပ်ငန်းခွင်မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး


မင်းဘူး နိုဝင်ဘာ ၂၆

 

မကွေးတိုင်းဒေသကြီး မင်းဘူးမြို့၌ အယ်လ်နီညိုဖြစ်စဉ်နှင့် ပတ်သက်၍ လုပ်ငန်းခွင်မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးစစ်ဆေးခြင်းကို တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက နိုဝင်ဘာ ၂၅ ရက်တွင် ကွင်းဆင်းဆောင်ရွက်သည်။

 

ထိုသို့စစ်ဆေးရာတွင် မကွေးတိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီး မီးသတ်ဦးစီးမှူးဦးဆောင်၍ အင်ဂျင်နီယာတပ်ဖွဲ့ဝင်များ၊ ခရိုင်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များက နဂါးနီပုဂ္ဂလိကဆေးရုံးသို့ သွားရောက်ပြီး အယ်လ်နီညိုဖြစ်စဉ်ကြောင့် အပူရှိန်လွန်ကဲပြီး မီးလောင်မှု၊ မီးလန့်မှု မဖြစ်ပွားစေရေးနှင့် မီးဘေးလုံခြုံရေးအတွက် မီးသတ်ဦးစီးဌာနက သတ်မှတ်ထားသော စည်းမျဉ်း၊ စည်းကမ်း၊ သတ်မှတ်ချက်များနှင့်အညီ စီစဉ်ဆောင်ရွက်ထားရှိမှု ရှိ၊ မရှိ စစ်ဆေးပြီး လိုအပ်သည်များ အကြံပြုဆွေးနွေးခဲ့ကြောင်း သိရသည်။ 

 

မောင်မောင်(မင်းဘူး)