တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ် အစည်းအဝေး(၁/၂၀၂၆) ပဉ္စမနေ့ကျင်းပ

ရန်ကုန် နိုဝင်ဘာ ၂၆

 

တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အရေးပေါ် အစည်းအဝေး (၁/၂၀၂၆)ပဉ္စမနေ့ကို ယ​နေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် အင်းစိန်မြို့နယ် ကိုယ်စားလှယ်အမှတ်(၁) ဦးသူရိန်လင်း၏ အပြည်ပြည် ဆိုင်ရာတရားရုံး (International Court of Justice-ICJ) က ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၉ ရက်တွင် ချမှတ်ခဲ့သည့် စီရင်ချက်အပေါ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်သဘောထားနှင့်အညီ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က ထပ်တူရပ်တည် ကြောင်းအဆိုကို လွှတ်တော်သို့ တင်သွင်းခြင်းနှင့် မှတ်တမ်းတင်ခြင်း၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီး၏ နောက်ထပ်ဘဏ္ဍာငွေခွဲ ဝေသုံးစွဲရေး ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်းနှင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဋ္ဌေးအောင်က နှုတ်ခွန်းဆက် အမှာစကား ပြောကြားခြင်းတို့ ဆောင်ရွက်သည်။

 

ယင်းနောက် တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ် အစည်းအဝေး(၁/ ၂၀၂၆) ပဉ္စမနေ့ကို ရပ်နားခဲ့ပြီး တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အရေးပေါ် အစည်းအဝေး(၁/၂၀၂၆) ပြီးမြောက်ကြောင်း ကြေညာသည်။

 

တိုင်း​ဒေသကြီး(ပြန်/ဆက်)