ရန်ကုန် နိုဝင်ဘာ ၂၅
မြန်မာနိုင်ငံစာရေးဆရာအသင်းက ၁၃၈၈ ခုနှစ် (၃၉) ကြိမ်မြောက် သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲအတွက် စေတနာရှင် အလှူရှင်များက အလှူငွေများ ဆက်လက်လှူဒါန်းလျက်ရှိရာ စာရေးဆရာ ဝေလွင်မောင်-သီရိသုဓမ္မသိင်္ဂီ ဒေါ်ဆွေဆွေဦး မိသားစုနှင့် ဦးကိုကိုလတ် (Managing Director) KK Business Group တို့က ငွေကျပ် ၁၅ သိန်းစီ၊ စာရေးဆရာမြတ်မင်း (ဒဿန)က ငွေကျပ် ၁၀ သိန်း၊ ဦးဇော်မင်း (မင်္ဂလာကုမ္ပဏီ) မိသားစုနှင့် တောင်ဥက္ကလာပမြို့နယ် စာရေးဆရာအသင်းတို့က ငွေကျပ်ငါးသိန်းစီ၊ ယဉ်ကျေးမှု၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး၊ ဒုတိယဗိုလ်မှူးကြီးဖေငြိမ်း (ငြိမ်း) စာရေးဆရာ ကျော်စောဟန်နှင့် ကပ္ပတိန်မျိုးကျော်ဦးတို့က ငွေကျပ်သုံးသိန်းစီ၊ ကိုအောင်ထွန်းနိုင်နှင့်ညီများ (တောင်ဒဂုံစက်မှုဇုန်-၃)နှင့် အရှင်ဝါသေဋ္ဌ (စာရေးဆရာနေနတ်နွယ်)တို့က ငွေကျပ်နှစ်သိန်းစီ၊ ဗိုလ်ချုပ်စိန်ထွား (ငြိမ်း) စာရေးဆရာညိုထွေး၊ ဒေါက်တာအောင်ကျော်ဦး-ဒေါက်တာသီတာဦးမိသားစု၊ စာချစ်သူလေးခင် (တော်ဝင်ပန်း)၊ မောင်မောင်မြင့်သိန်း (စက်မှုတက္ကသိုလ်)၊ မိုးမြင့်ဝင်း (မဟာဝိဇ္ဇာ-ဂီတ)၊ လှည်းကူးမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ အမျိုးသားစာပေဆုရ ရွှေဒါးမောင်မြင့်ထွန်း၊ ဦးဘိုကြည် (ဒေါက်တာဗိုလ်သံမဏိ-တောင်တွင်းကြီး)၊ စာရေးဆရာမသက်ဦးခင် မိသားစုနှင့် ရေကြည်မြို့နယ် စာရေးဆရာအသင်းတို့က ငွေကျပ်တစ်သိန်းစီ၊ ကျွန်းစဉ်မြေစောခက်၊ ဒေါ်နုနုယဉ် (နန်းညွန့်ယဉ်ခမ်း)၊ စာရေးဆရာ ပန်းမျိုးခင်၊ စာရေးဆရာမ တင်လေးနွယ် (မေမြန်မာ)နှင့် ဒေါ်ခင်အေးသန်း (ခင်ဆွေလတ်)တို့က ငွေကျပ်ငါးသောင်းစီကို ပေးအပ်လှူဒါန်းကြရာ အသင်းဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)နှင့် တာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြုလွှာပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကား ပြောကြားသည်။
အလှူငွေဖြစ်စေ၊ အလှူပစ္စည်းဖြစ်စေ လှူဒါန်းလိုပါက မြန်မာနိုင်ငံစာရေးဆရာအသင်း၊ အမှတ် (၁၇၃/ ၁၇၅)၊ (၇)လွှာ၊ ပန်းဆိုးတန်းလမ်း (အလယ်) ကျောက်တံတားမြို့နယ် ရန်ကုန်မြို့ ဖုန်း-ဝ၁-၂၅၂၄၁၇၊ ၀၉-၄၅၀၀၉၀၄၈၆ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
သတင်းစဉ်


