ပေါင် နိုဝင်ဘာ ၂၅
မွန်ပြည်နယ် ပေါင်မြို့နယ်၌ ကုန်စျေးနှုန်းများ တည်ငြိမ်ကျဆင်းစေရေး အခြေခံစားသောက်ကုန်စည်များ ရောင်းချပေးခြင်းကို ယနေ့နံနက်ပိုင်းက ကဒါရပ်ကွက် မင်္ဂလာဈေးနှင့် ရပ်ကွက်အလိုက် ရောင်းချပေးလျက်ရှိသည်။
ထိုသို့ရောင်းချရာတွင် အခြေခံစားသောက်ကုန်စည်များဖြစ်သည့် စားအုံးဆီတစ်ပိဿာ ရည်ညွှန်းစျေး (၈၁၅၄)ကျပ်၊ ကြက်ဥ (၁)လုံး (၆၅၀)ကျပ်၊ ဝက်သားတစ်ပိဿာ (၂၂၀၀၀)ကျပ် စသည်တို့ကို စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ရာ အများပြည်သူများ ဝယ်ယူအားပေးခဲ့ကြသည်။
အဆိုပါစျေးရောင်းချခြင်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးထွန်းထွန်းဦးနှင့် စျေးကော်မတီဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက သက်သာချောင်ချိရေးဆိုင်တွင် အပတ်စဉ် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
မွန်မလေး(ပြန်/ဆက်)


