အီတလီနိုင်ငံမြောက်ပိုင်းတွင် ကျင်းပမည့် ၂၀၂၈ ခုနှစ် ဆောင်းရာသီလူငယ်အိုလံပစ် အားကစားပြိုင်ပွဲကို ဇန်နဝါရီ ၁ ရက်မှ ၂၉ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း နိုင်ငံတကာအိုလံပစ်ကော်မတီနှင့် ဒေသခံပွဲစီစဉ်သူများက နိုဝင်ဘာ ၂၃ ရက်တွင် ထုတ်ပြန်ကြေညာထားသည်။
ပဉ္စမအကြိမ်မြောက် ဆောင်းရာသီလူငယ် အိုလံပစ်အားကစားပြိုင်ပွဲကို ဒိုလိုမိုက်စ်နှင့် ဗဲလ်တယ်လီနာဒေသတို့တွင် ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲ၏ တရားဝင်အမည်ကို Dolomiti Valtellina 2028 ဟု သတ်မှတ်ထားကြောင်း သိရသည်။
အဆိုပါ အားကစားပြိုင်ပွဲသို့ အားကစားသမားပေါင်း ၁၆၀၀ ခန့် ပါဝင်ယှဉ်ပြိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။
မိုးဇက်


