ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၌ မသိုးသင်္ကန်းရက်လုပ်ပူဇော်

ကျိုက်ထို နိုဝင်ဘာ ၂၄

 

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးတွင် မသိုးသင်္ကန်း ရက်လုပ်ပူဇော်ပွဲကို နိုဝင်ဘာ ၂၃ ရက် ညပိုင်းတွင် ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်ရင်ပြင်၌ ကျင်းပသည်။

 

ဦးစွာ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော် ဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မသိုးသင်္ကန်းရက်ခတ် သည့်အဖွဲ့များနှင့် ဘုရားဖူးလာ ပြည်သူများက နမောတဿ သုံးကြိမ် ရွတ်ဆိုပူဇော်၍ အခမ်းအနားကို ဖွင့်လှစ်ကာ မသိုးသင်္ကန်း ရက်လုပ်မည့် စင်တော်အား ကျိုက်ထီးရိုးဂေါပကအဖွဲ့ ဥက္ကဋ္ဌ က အမွှေးနံ့သာရည်များ ပက်ဖျန်းပြီး ရက်ကန်းခတ်သမီးပျိုများက မသိုးသင်္ကန်းများကို ရက်လုပ်ခဲ့ကြ သည်။

 

ထို့နောက် ရက်ကန်းခတ်ပြိုင်ပွဲတွင် ဆုရရှိသူများအား တာဝန်ရှိသူများနှင့် အလှူရှင်များက ဆုငွေများ ပေးအပ်ကာ ရက်ကန်းခတ်လုပ် ပြီးသည့် မသိုးသင်္ကန်းများကို ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်ရင်ပြင်၌ ပူဇော်ထားရှိသော ဗုဒ္ဓမြတ်စွာဘုရားများအား ကပ်လှူ ပူဇော်ခဲ့ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)