လွိုင်ကော် နိုဝင်ဘာ ၂၄
ကယားပြည်နယ် အစိုးရအဖွဲ့ကကြီးမှူး၍ ၂၀၂၆ ခုနှစ် တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲနှင့် တေးဂီတဖျော်ဖြေပွဲ ဒုတိယနေ့ကို ယမန်နေ့ညက လွိုင်ကော်မြို့ ကန္ဒဟေဝန်ပန်းခြံ ကျောက်သားရင်ပြင်၌ ကျင်းပသည်။
တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲ ဒုတိယနေ့အဖြစ် လွိုင်ကော်မြို့ ရပ်ကွက်အသီးသီးမှ ပြိုင်ပွဲဝင် ညမီးကြီး ကိုးလုံး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး တေးဂီတများဖြင့်လည်း မြိုင်မြိုင်ဆိုင်ဆိုင် သီဆိုဖျော်ဖြေကြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်နှင့်ဇနီး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီး၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ၊ ရိုးရာယဉ်ကျေးမှုအဖွဲ့များနှင့် မီးပုံးပျံပြိုင်ပွဲဝင်အသင်းများ တက်ရောက်ကြည့်ရှုအားပေးကြသည်။
ပါဝင်ယှဉ်ပြိုင်
ပြိုင်ပွဲတွင် ညမီးကြီးမီးပုံးပျံ အလုံး ၃၀ ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ တန်ဆောင်မုန်း လပြည့်နေ့တွင် ကယားပြည်နယ် အစိုးရအဖွဲ့၊ ဝန်ကြီးဌာနအသီးသီးနှင့် စေတနာရှင်ပြည်သူများက မြန်မာ့ရိုးရာ အစားအစာမျိုးစုံကို စတုဒိသာမဏ္ဍပ်များဖြင့် ကုသိုလ်ပြုဧည့်ခံကျွေးမွေးခြင်း၊ မီးပုံးပျံပြိုင်ပွဲတွင် ဆုရရှိသည့် ပြိုင်ပွဲဝင်အသင်းများအား ဆုချီးမြှင့်ခြင်းနှင့်အတူ တေးဂီတများဖြင့် ဖျော်ဖြေခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)


