နေပြည်တော် နိုဝင်ဘာ ၂၁
လူမှုဝန်ထမ်းဦးစီးဌာန၏ တည်ထောင်ခွင့်ပြုမိန့်ရရှိထားသည့် ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာအတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ဆန်ဖိုးငွေ၊ စားစရိတ်၊ ဝတ်စရိတ် စုစုပေါင်းငွေကျပ် ၂၅ ဒသမ ၅၇၈ သန်းနှင့် ရိပ်သာရှိ အသက် (၈၅) နှစ်အထက် လူမှုရေးပင်စင်အကျိုးခံစားခွင့်ရှိသူ ဘိုးဘွား ၁၅ ဦးအတွက် တစ်ဦးလျှင် ငွေကျပ် ၆၀၀၀၀ နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေကျပ် ၉၀၀၀၀၀ ကို ယနေ့ မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကိုကိုလွင်သည် ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်နှင့်အတူ သွားရောက်ထောက်ပံ့ပေးအပ်သည်။
ပေးအပ်လှူဒါန်း
ထိုသို့ သွားရောက်စဉ် ပြည်ထောင်စုဝန်ကြီးက ရိပ်သာရှိ ဘိုးဘွားများ နေ့လယ်စာသုံးဆောင်ရန် အလှူငွေကျပ် ၅၀၀၀၀၀ ကို ပေးအပ်လှူဒါန်းခဲ့သည်။
အဆိုပါကရုဏာကမ္ဘာဘိုးဘွားရိပ်သာအတွက် အလှူငွေများ လှူဒါန်းလိုပါက ဖုန်းနံပါတ် ၀၉-၂၅၉၈၉၆၃၅၉၊ ၀၉-၇၈၇၀၅၀၈၃၅ တို့ကို ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
သတင်းစဉ်


