မြန်မာ့လက်ရွေးစင် ဗဟိုနောက်ခံလူ စိုးမိုးကျော်ကို ရန်ကုန်စီးတီးအသင်း ခေါ်ယူ

 

ရန်ကုန် နိုဝင်ဘာ ၁၀

ရန်ကုန်စီးတီးအသင်းသည် လာမည့် M League ဒုတိယအကျော့ပြိုင်ပွဲများအတွက် ပြင်ဆင်သည့်အနေဖြင့် မြန်မာ့လက်ရွေးစင်နောက်ခံလူနှင့် အူထိုင်းသနီအသင်းမှ စိုးမိုးကျော်ကို ၃ နှစ်စာချုပ်ဖြင့် ခေါ်ယူလိုက်သည်။

 

အသက် ၂၇ နှစ်၊ အရပ် ၆ ပေ ၁ လက်မရှိသည့် စိုးမိုးကျော်သည် အား/ကာသိပ္ပံ (မန္တလေး) ထွက် ကစားသမားတစ်ဦး ဖြစ်သည်။ ၂၀၁၈ ခုနှစ်တွင် ဧရာဝတီယူနိုက်တက်၌ ပရော်ဖက်ရှင်နယ်ကစားသမားဘဝ စတင်ခဲ့ပြီး ရန်ကုန်ယူနိုက်တက်၊ ထိုင်းလိဂ်-၂ ကလပ် ကဆက်ဆတ်အသင်း၊ ကမ္ဘောဒီးယား ပရီးမီးယားလိဂ်ကလပ် ဖနွမ်းပင်ခရောင်း၊ တစ်ဖီအာမီနှင့် အူထိုင်းသနီအသင်းတို့တွင် ပြောင်းရွှေ့ကစားခဲ့သူ ဖြစ်သည်။ ၂၀၁၇ ခုနှစ်မှစ၍ မြန်မာ ယူ-၁၈ မှ လက်ရွေးစင်အထိ ရွေးချယ်ခံခဲ့ရပြီး ပြည်တွင်းလိဂ်တွင် ငါးဂိုး၊ ကမ္ဘောဒီးယားလိဂ်တွင် ခြောက်ဂိုးနှင့် မြန်မာလက်ရွေးစင်အသင်းအတွက် သုံးဂိုး သွင်းယူထားသည်။

 

ရန်ကုန်စီးတီးသို့ ပြောင်းရွှေ့မှုနှင့် ပတ်သက်၍ စိုးမိုးကျော်က အသင်း၏ စနစ်တကျ ပြင်ဆင်လေ့ကျင့်မှုများကြောင့် လာရောက်ပူးပေါင်းခြင်းဖြစ်ကြောင်းနှင့် အကောင်းဆုံးကြိုးစားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ စိုးမိုးကျော်သည် M League ဒုတိယအကျော့ စတင်ချိန်မှစ၍ ရန်ကုန်စီးတီးအသင်း၌ စတင်ပါဝင်ကစားသွားမည် ဖြစ်သည်။

နေမျိုး၊ ဓာတ်ပုံ-YCFC